🌻Part. 8 Unicode 🌻

150 10 6
                                    

နှိုင်းလေးလည်း လူကြီးနဲ့အတူ ခြံထဲက မြက်ခင်းလေးပေါ်မှာ လမ်းလျှောက်နေရင်းခြံဝန်းထဲကိုစူးစမ်းကြည့်နေမိသည်။

'လူကြီးရဲ့ ခြံကြီးက အကျယ်ကြီးပဲ  ကားတွေဆိုလည်းအများကြီးပဲ အိမ်ကြီးကလည်း ခမ်းနားကြီးကျယ် လိုက်တာ. . .လူကြီးက တော်တော်ချမ်းသာမဲ့ ပုံပဲ . . ."

နှိုင်းလေးအခုချိန်ထိမသိသေးတာက သူ့လူကြီးက မြန်မာနိုင်ငံမှာအချမ်းသာဆုံးစီးပွါးရေးလုပ်ငန်းရှင်ဖြစ်သည့်အပြင် နိုင်ငံခြားမှာလည်း Company ပိုင်တွေ ရှိနေသေးတယ်ဆိုတာကိုပင်။

သျှားမြတ်သူလည်း လမ်းလျှောက်တာ နည်းနည်းကြာလာသဖြင့်ကလေးလေးညောင်းနေမှာစိုးတာကြောင့် ကလေးလေးကို ခြံအနောက်ဖက်မှာရှိတဲ့ဘန်ဂလိုလေးဆီခေါ်လာလိုက်လေသည်။ဘန်ဂလိုလေးရဲ့ရှေ့မြေကွက်လပ်လေးတွင်လည်းနှိုင်းလေးကြိုက်တဲ့ နှင်းဆီပန်းခင်းလေးတွေရှိလေသည်။

နှင်းဆီပန်းခင်းလေးကိုမြင်တော့ နှိုင်းလေး အရမ်းပျော်သွားကာနှင်းဆီပန်းခင်းထဲကိုပြေးသွားဖို့ပြင်နေတုန်း

"ကလေးလေး ဒဏ်ရာတွေက မသက်သာသေးဘူးလေ ပြေးမသွားနဲ့နော် အခုကနေ့လည်ဘက်ဆိုတော့ နေပူနေသေးတယ်ကလေးလေးရဲ့ ညနေကျမှ ပန်းခင်းလေးထဲသွားနော် . . ."

"ဟုတ်ကဲ့ လူကြီး. . ."

နှိုင်းလေးလည်း လူကြီးစကားနားထောင်ကာပန်းခင်းလေးထဲမသွားတော့ဘဲ ဘန်ဂလိုလေးထဲပဲဝင်လာလိုက်တော့သည်။

ဘန်ဂလိုလေးထဲမှာ နှိုင်းလေးကြိုက်တဲ့  ဒန်းလေးလဲ ရှိသလို စာအုပ်စင်လေးရယ် Tv ရယ် ပါရှိနေသေးသည်။ အနားယူလို့ရအောင် ဆိုဖာလေးနဲ့ ကုတင်လေးလည်းရှိတဲ့အပြင် တံခါးလိုက်ကာလေးတွေကိုလည်း နှိုင်းလေးကြိုက်တဲ့ အဖြူရောင်လေးတွေ တပ်ထားပေးထားသည်။အခန်းပြင်ဆင်မှုလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ မို့ နှိုင်းလေးသဘောကျနေလေသည်။

နှိုင်းလေးကတော့လဘန်ဂလို အပြင်အဆင်လေးတွေကိုကြည့်ပြီးသဘောကျနေချိန် သျှားမြတ်သူမှာတော့ သူ့ကလေးလေး လမ်းလျှောက်ထားတာကြောင့် ဗိုက်ဆာနေမည်စိုးသဖြင့်

You Are My Sunshine (On Going)Where stories live. Discover now