🌻Part. 5 Unicode🌻

181 12 17
                                    

သျှားမြတ်လည်း သူ့ဘေးနားမှာရှိနေတဲ့ ကလေးလေးရဲ့ အသက်ရှူသံလေးဟာပုံမှန်ဖြစ်ပြီး ကလေးလေး အိပ်ပျော်သွားတာ သေချာမှ ကလေးလေးရဲ့ နဖူးလေးကို မြတ်နိုးစွာနမ်းရှိုက်ပြီး အခန်းတံခါးလေးကို အသာလေး ပိတ်ပြီး အခန်းအပြင်သို့ ထွက်လာလိုက်သည်။

သျှားမြတ်သူ အခန်းအပြင်ရောက်တာနဲ့ သူ့ကိုအဆင်သင့်စောင့်နေတဲ့ ကျော်စွာ နဲ့အတူ ကလေးလေးကို နာကျင်အောင်လုပ်ခဲ့တဲ့ သူတွေဆီသို့ထွက်လာခဲ့လိုက်သည်။

စံအိမ်ကြီးရဲ့ မြေအောက်ခန်းသို့ ရောက်တာနဲ့ ဒူးထောက်ရက် အနေအထားနဲ့ လူ၃ယောက်ကို တွေ့လေသည်။

သျှားမြတ်သူလဲ ထိုင်ခုံတွင်ထိုင်ကာ သူ၏မျက်လုံးများကစူးရဲ၍အေးစက်နေပြီး မျက်နှာကလည်းနီရဲနေ၍ လက်သီးတင်းတင်းဆုပ်ကာ ထိုသူ၃ယောက်ကို ကြည့်နေပုံမှာ ကြောက်စရာကောင်းလှသည်။

ကျော်စွာမှာ Boss လက်အောက်တွင် အလုပ်လုပ်တာကြာနေပြီဖြစ်သော်လည်း Boss ဒီလောက်ထိ ဒေါသထွက်တာကို မမြင်ဖူးပေ။

"မင်းတို့က ငါ့ကလေးလေးကို ဒဏ်ရာရ နာကျင်အောင်လုပ်ရဲတယ်ပေါ့!"

​သျှားမြတ်သူတစ်ယောက်​ပါးစပ်ကလည်းပြောရင်း ထိုင်နေရာမှ ထလာကာ ထို၃ယောက် ၏ဝမ်းဗိုက်သို့ စိတ်ရှိတိုင်းဒေါသထွက်စွာ အားပြင်းပြင်းဖြင့်ကန်လေသည်။

ပုံမှန်ဆို သျှားမြတ်သူက သူ့ကို တိုက်ခိုက်လာသူများကို ကိုယ်တိုင် ကိုယ်ထိလက်ရောက် မလုပ်သော်လည်း အခုက သူ့ရဲ့ ကလေးလေးကို နာကျင် ဒဏ်ရာရအောင် လုပ်ထားတဲ့ သူများဖြစ်သောကြောင့် ထိုသူများကို သျှားမြတ်သူကိုယ်တိုင် ကိုယ်ထိလက်ရောက် ထိုးနေခြင်းဖြစ်သည်။

ထိုလူ၃ယောက်မှာ သျှားမြတ်သူ မလာခင်ထဲက အထိုးခံထား ရသဖြင့် အခု သျှားမြတ်သူ၏ အားပြင်းပြင်း ကန်ချက်များကြောင့် ခေါင်းပင်မဖော်နိုင်တော့ပေ။

"မင်းတို့တွေ ငါ့ကလေးလေး ခံစားရသလို ပြန်ခံစားစေရမယ် ကလေးလေးက ခေါင်းရော ဗိုက်ရော လက်ရော ဒဏ်ရာရသွားတာဆိုတော့ . . ."

ကျော်စွာလဲ Boss လက်အောက်မှာ လုပ်လာတာကြာပြီဖြစ်တာကြောင့် Boss ပြောသလို သခင်လေး ခံစားခဲ့ရသလို ထိုလူ၃ယောက် ကို ဆုံးမအပြစ်ပေးရန် လူ့သူများကို အချက်ပြလိုက်လေသည်။

သိပ်မကြာခင် ​စံအိမ်ကြီး၏ မြေအောက်ခန်းမှ အော်သံများထွက်ပေါ်လာလေသည်။

သျှားမြတ်သူလည်း ထိုလူ၃ယောက်လုံးကို သူ့လူများက ဆုံးမအပြစ်ပေးပြီးသည်နှင့်

"ကလေးလေး သတိရလာတာရယ် မင်းတို့​ကြောင့် ကလေးလေး ငါ့ဆီရောက်လာတာကြောင့် ဒီလောက်နဲ့ ပြီးသွားတာကို ကျေးဇူးတင်လိုက်ပါ. . ."

သျှားမြတ်သူက ဒီလောက်နဲ့ ပြီးသွားတယ်လို့ ပြောပေမဲ့ ခံရတဲ့ ၃ယောက်မှာတော့ နာကျင်လွန်း၍ သေလုမျောပါးဝေဒနာများ ခံစားနေရလေသည်။

"နောက်ဆို မင်းတို့မြဲမြဲ မှတ်ထား သျှားမြတ်သူပိုင်တဲ့ ဘယ်အရာကိုမှလာမထိနဲ့ လာထိရင် အခုထက်ပိုဆိုးတာတွေနဲ့ ကြုံရလိမ့်မယ် . . . "

ထိုလူ၃ယောက်မှာ သေလုမျောပါးဝေဒနာများ ခံစားနေရသည့်အပြင် သျှားမြတ်သူ၏ ခြိမ်းခြောက်စကားများကြောင့် သေလုမျောပါးဖြစ်နေရာမှ သေချင်စိတ်များပင် ပေါက်လာလေသည်။ အခုလဲ သူတို့မသေယုံတမယ် ခံထားရသည်မဟုတ်လား။
သူတို့ကိုယ်တိုင်ကလဲ မထိသင့်သည့် အရာကိုသွားထိမိတာကို . . . . .

"ကျော်စွာ သူတို့ ဆေးကုဖို့ အစစအရာရာတာဝန်ယူပေးလိုက်"

"ဟုတ်ကဲ့ Boss "

သျှားမြတ်သူ တစ်ယောက် ကျော်စွာအား မှာစရာရှိတာ မှာပြီးသည်နှင့် သူ့အခန်းဆီသို့ ပြန်လာလိုက်သည်။ သူ့ကလေးလေး ကိုတစ်ယောက်တည်း ထားခဲ့ရသည် မဟုတ်လား?

အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်တွင် ဘာအပူအပင်မှမရှိဘဲ အိပ်မောကျနေသည့် ကလေးလေးအား ငေးကြည့်ပြီးနောက် ရေချိုး လိုက်သည်။ရေမချိုး၍လည်းမရ အခုပဲ ကလေးလေးကို နာကျင်အောင်လုပ်တဲ့သူတွေကို ဆုံးမအပြစ်ပေးပြီပြန်လာတာမဟုတ်လား။ သူ့ကိုယ်ပေါ်မှာ ထိုလူတွေရဲ့ အငွေ့အသက်များပါလာသဖြင့်ကလေးလေးအား ထို အငွေ့အသက်များကို မရှူရှိုက်စေချင်သော​ကြောင့်ဖြစ်သည််။

ရချိုးအဝတ်အစားလဲပြီးတာနဲ့ ကုတင်ပေါ်အသာလေးတက်ကာ ကလေးလေးမနိုးအောင် ကလေးလေးရဲ့ခေါင်းကို အသာလေးမကာသူ့၏ လက်မောင်းပေါ်တင်၍ ကလေးလေးကို ရင်ခွင်ထဲထည့်ကာ သူလဲ အိပ်စက်ခြင်းဆီသို့. . . .

TBC. . .

ဝေဖန်အားပေးကျပါဦးဗျာ ☺️☺️

စာလုံး​ပေါင်းလေးတွေလဲ ကိုယ်ပြန်စစ်ထားပေမဲ့ အမှားလေးတွေပါနေရင် တောင်းပန်ပါတယ်ဗျာ။သည်းခံပြီးဖတ်ပေးကျပါဗျာ။ 😍😍

Update တောင်းထားတဲ့ သည်းငယ် Ingin14 Update တင်ပေးထားပါတယ်ဗျာ 💜💜

ချစ်တဲ့ Hana 🌻💜💜

8.7.2020#

You Are My Sunshine (On Going)Where stories live. Discover now