🌻Part . 4 Unicode 🌻

200 11 5
                                    

နှိုင်းလေးလဲ လူကြီးတိုက်တဲ့ ဆေးခါးခါးတွေသောက်ပြီးတာနဲ့

"ဟို လူကြီး နာမည်က သျှားမြတ်သူ နော် နှိုင်းလေး နာမည်က နှိုင်းမရ ပါ. . ."

"ဒါနဲ့ လူကြီးက နှိုင်းလေး ကိုကယ်ခဲ့ ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်. . ."

"လူကြီး က နှိုင်းလေးကို ဆေးလဲကုပေးထားတော့ ဆေးဖိုးတွေကိုလဲ လူကြီး ကိုပြန်ပေးပါ့မယ်. . .ဒါပေမဲ့ နှိုင်းလေးကို အချိန်တော့ နည်းနည်းပေးပါနော်။ အခုချက်ခြင်းကြီးကျတော့ လူကြီးကို ပြန်ပေးဖို့အဆင်မပြေလို့ပါ . . . နှိုင်းလေး လူကြီးကို မလိမ်ပါဘူး တကယ် နှိုင်းလေး ပြန်ပေးမှာ. . . "

"ပြီးတော့ အခုက ညဥ့်နက်နေပြီဆိုတော့လေ နှိုင်းလေး ကို ဒီတစ်ညတော့ ဒီမှနေခွင့် ပေးပါနော်။မနက်မိုးလင်းတာနဲ့ နှိုင်းလေးပြန်ပါ့မယ်နော်. . ."

သျှားမြတ်သူ တစ်ယောက်လဲ သူ့နာမည်ကို သေချာအောင်မေးပြီးတော့ သူ့ကိုယ်သူ မိတ်ဆက်နေတဲ့ ကလေးလေးကို အူယားမိတာအမှန်ပင်။ သူ့နာမည်ကို သေချာအောင်မေးပေမဲ့ သူ့ကိုတော့ လူကြီးလို့ပဲ ခေါ်တာကြောင့် သျှားမြတ်သူ ကလေးလေးကို ပိုသဘောကျနေမိသည်။သူကိုယ်တိုင်က ကလေးလေးဆီက သူ့အတွက် သီးသန့်ခေါ်တဲ့ နာမ်စားလေးကိုလိုချင်နေမိတာ မဟုတ်ပါလား. . .

ပြီးတော့လဲ သျှားမြတ်သူကို သူ့ကို ကယ်ခဲ့ပေးလို့ကျေးဇူးတင်ကြောင်းနဲ့ ဆေးဖိုးတွေလဲပြန်ပေးမဲ့အကြောင်းပြောတော့ သျှားမြတ်သူ စိတ်မကောင်းဖြစ်မိသွားသည်။ပိုဆိုးတာက ကလေးလေးဆီက မနက်ပြန်တော့မယ် ဆိုတဲ့ စကားကြားလိုက်ရတော့ သျှားမြတ်သူ ရဲ့ မျက်နှာဟာ ပြိုတော့မဲ့ မိုးလိုဖြစ်သွားသည်။

သျှားမြတ်သူလဲ သူမျက်နှာပျက်သွားကို ကလေးလေးမမြင်ခင်ပြန်ထိန်းကာ

"ကလေးလေး နာမည်ကိုလဲ ကိုယ်သိတယ်. . ကိုယ့်ကိုကျေးဇူးတင်စရာမလိုပါဘူး ပြီးတော့ ကလေးလေး လက်ပြန်ကောင်းတဲ့ အထိ ကိုယ့်အိမ်မှာနေရမယ်နော် . . . ကလေးလေးပြန်တော့ရော ကလေးလေးကိုအနားမှာပြုစုမဲ့ သူရှိလို့လား. . ."

"ဗျာ! လူကြီးက ဘယ်လိုလုပ် သိနေတာလဲ နှိုင်းလေး နာမည်ကိုရော နှိုင်းလေးပြန်ရင် နှိုင်းလေးကို အနီးကပ်ပြုစုမဲ့သူမရှိဘူးဆိုတာကော. . ."

You Are My Sunshine (On Going)Where stories live. Discover now