🌻Part. 11 Unicode🌻

136 7 0
                                    

သျှားမြတ်သူလည်း Meeting ပြီးပြီးခြင်း အိမ်ကိုတန်းပြန်လာလိုက်သည်။အိမ်ကိုတန်းမပြန်လို့လည်းမရ. . . အိမ်က ကလေးလေးကသူ့ကိုစိတ်ဆိုးနေသည် မဟုတ်လား. . .

သျှားမြတ်သူလည်းအိမ်ရောက်တာနဲ့သူ့အခန်းဆီ တန်းလာလိုက်သည်. . .

သို့သော် အခန်းတံခါးကိုဖွင့်လိုက်တဲ့အချိန်မြင်လိုက်ရတာကတော့ သူ့ကိုစိတ်ဆိုးနေတဲ့ကလေးလေး မဟုတ်ဘဲ တခန်းလုံးကငှက်မွှေးတွေအပြည့်နဲ့ရှုပ်ပွနေပြီး အခန်းထဲက ကလေးလေးရဲ့ ပစ္စည်းတွေမရှိတော့တာကြောင့် သျှားမြတ်သူ မျက်နှာတွင် စိုးရိမ်စိတ်များ ဝမ်နည်းမှုများဖြစ်ပေါ်လာကာ

"ကြီးကြီးမြင့် . . .ကြီးကြီးမြင့်. . . ကလေးလေးရော. . ."

"သားနှိုင်းလေးက သူ့အခန်းထဲမှာပါ သားသျှားမြတ်သူ . ."

". . ."

"ဟုတ်ပါတယ် သားသျှားမြတ်သူ
မနက်က သားကိုစိတ်ဆိုးပြီးအပေါ်တက်သွားတာ အခန်းထဲမှာငိုပြီးအိပ်ပျော်နေတာ နေ့လည်စာတောင် ဆင်းမစားဘူး ထမင်းမစားမချင်ဘူးဆိုပြီး ပူတင်းလေးပဲစားပြီး သား အခန်းထဲက ပစ္စည်းတွေသိမ်းပြီး သားနှိုင်းလေးက သူ့အခန်းထဲပြောင်းသွားတာ. . ."

သျှားမြတ်သူလည်း ကြီးကြီးမြင့်ပြောတာတွေနားထောင်ပြီး ကလေးလေး အခန်းဆီပြေးလာလိုက်သည်။

နှိုင်းလေးမှာ ကားသံကြားထဲက လူကြီးပြန်ရောက်နေမှန်းသိပေမဲ့ လူကြီးကိုစိတ်ဆိုးနေတာကြောင့် အပြင်မထွက်ဘဲ အခန်းထဲမှာပဲ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

ခဏအကြာ နှိုင်းလေး အခန်းတံခါးခေါက်သံအပြင် လူကြီးအသံကိုပါကြားလိုက်ရသည်။

"ကလေးလေး . . .ကလေးလေးရေ ကိုယ့်ကိုတံခါးဖွင့်ပေးပါဦး . . ."

"ကလေးလေးရေ ကိုယ့်ကို စိတ်ဆိုးပြေပါတော့နော် . . ."

"ကလေးလေးရေ . . .တံခါးဖွင့်ပေးပါလို့ .  .  ."

"ကလေးလေး က ကိုယ့်ကို တံခါး မဖွင့်ပေးတော့ ကိုယ်က ကလေးလေးကို ဘယ်လိုချော့ရမှာလဲလို့ . . ."

အခန်းထဲမှ နှိုင်းလေးမှာလည်း

'အခုလာပြီး ကလေးလေး ချင်းထပ်အောင်လာခေါ်မနေနဲ့ မနက်ထဲက ချော့တော့ဘာဖြစ်မှာမို့လို့လည်း အဲ့မှာ ခေါ်ချင်သလောက်သာခေါ်နေ တံခါးတော့ဖွင့်ပေးဖို့အစီစဥ်မရှိဘူး . . .'

You Are My Sunshine (On Going)Where stories live. Discover now