🌻Part .7 ZG (Zawgyi)🌻

112 2 0
                                    

သျှားမြတ်သူတစ်ယောက် Company ရောက်တာနဲ့ အစည်းအဝေး အခန်းထဲ တန်းသွားလိုက်သည်။ Project အတွက် တင်ပြချက်များကိုလဲ အာရုံစိုက်နားထောင်ရင်း အိမ်မှာ ကျန်နေခဲ့တဲ့ ကလေးလေးကိုလည်း တယောက်တည်း အဆင်ပြေပါ့မလားလို့တွေးပြီး စိတ်ပူနေမိသည်။

Project အတွက်တင်ပြချက်တွေကိုနားထောင်ပြီး လိုအပ်ချက်တွေကိုပြောပြီးတာနဲ့ အစည်းအဝေးကို အဆုံးသတ်လိုက်သည်။သျှားမြတ်သူလည်း အတွင်းရေးမှူးကို မှာစရာရှိတာများမှာပြီးတာနဲ့ အိမ်သို့ ပြန်လာလိုက်သည်။

သျှားမြတ်စီးနှင်းလာတဲ့ ကားလေးဟာ စံအိမ်ရှေ့က စင်ဝင်အောက်သို့ရောက်တာနဲ့ စံအိမ်ရှိ အလုပ်သမားများက သျှားမြတ်သူကိုအရိုအသေပေးကျသည်။ သျှားမြတ်သူကတော့ သူ့အလုပ်သမားများ သူ့ကို အရိုအသေပေးကျသည်ကို အသိအမှတ်ပြုပြီးတာနဲ့ သူ့ကလေးလေးရှိရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် သွားလေသည်။

သူ့အခန်းရှေ့ရောက်တာနဲ့ တံခါးလေးကို ညင်သာစွာဖွင့်လိုက်သည်။ကလေးလေး အိပ်ပျော်နေလျှင် သူတံခါးဖွင့်သံကြောင့်နိုးသွားမည်ကိုစိုး၍ပင်။သျှားမြတ်သူရဲ့ ကလေးလေးကတော့ ကုတင်ပေါ်တွင် အေးချမ်းစွာအိပ်မောကျလျက် ရှိလေသည်။ကလေးလေး အိပ်မောကျနေတာကို ကြည့်နေတုန်း ကလေးလေး ခန္ဓာကိုယ်လေးက မသိမသာလေးလူးလွန့်ကာ အိပ်ယာနိုးလာလေသည်။

နှိုင်းလေးလည်း မျက်လုံးဖွင့်ဖွင့်ခြင်းတွေ့လိုက်ရသည်က သူ့အားပြုံးပြီးကြည့်နေသည့် လူကြီးကိုပင်။

"ဟင် လူ . .လူကြီးပြန်ရောက်နေပြီလား?ဘယ်အချိန်တောင်ရှိသွားပြီလဲဟင် . . .နှိုင်းလေးအကြာကြီး အိပ်ပျော်သွားတာနဲ့တူတယ်. . ."

စကားပြောရင်း အိပ်ယာထဲက ထဖို့ပြင်နေတဲ့ ကလေးလေးကို သျှားမြတ်သူ ညင်သာစွာပွေ့ထူကာ ကလေးလေးထိုင်ရအဆင်ပြေစေရန်ကုတင် နဲ့ ကလေးလေး ကျောပြင်ကြားမှာ ခေါင်းလေးထားပေးလိုက်သည်။

"အင်း ကိုယ်ပြန်ရောက်ပြီ . . .အကြာကြာကြီးအိပ်တော့ အားရှိတာပေါ့ကလေးလေးရဲ့ . . .အချိန်က တော့ နေ့လည်စာ စားချိန်ရောက်ပြီ ကလေးလေး ဗိုက်ဆာနေပြီလား . . ."

You Are My Sunshine (On Going)Where stories live. Discover now