သျှားမြတ်သူ ခဗျာ သူ့ကို စိတ်ကောက်ပြီးအိမ်ပေါ်ထပ်က သူ့အိပ်ခန်းဆီသို့စောင့်အောင့်ပြီး တက်သွားတဲ့ ကလေးလေးကို ချော့ရန် လိုက်သွားချင်ပေမဲ့လည်း Company ကိုမဖြစ်မနေသွားရမှာဖြစ်တာကြောင့် ပြန်လာမှကလေးလေး ကိုသေချာချော့တော့မည်ဟု ဆုံးဖြတ်ကာ Company သို့ထွက်လာခဲ့လိုက်သည်။
နှိုင်းလေးမှာလည်း သူ့နောက်ကို လူကြီး လိုက်ချော့မှာပဲဟု တွေးထင်ထားပေမဲ့ လူကြီးလိုက်မလာတာကြောင့် အောက်ထပ်က အသံတွေကို နားစွင့်နေတုန်း ဆင်ဝင်အောက်မှ လူကြီးရဲ့ ကားသံ ကြောင့် ပိုလိုပင်စိတ်ဆိုးသွားသည်။
ထို့နောက် ကုတင်ပေါ်တက်ကာ ငိုနေမိတော့သည်။နှိုင်းလေး စိတ်ဆိုးတာ လူကြီးကိုဖြစ်ပေမဲ့ အနားမှာလူကြီးမရှိတာကြောင့် သူ့ဘေးမှ ဖက်ခေါင်းအုံးကို လူကြီး ဟု သဘောထားကာ စိတ်ဆိုးသမျှ ဒေါသထွက်သမျှ ဖက်ခေါင်းအုံးလေးအပေါ် ပုံချကာ ဖက်ခေါင်းအုံး လေးကို အားပါပါနဲ့ထုရိုက်နေတော့သည်. . . ငိုနေရင်းနဲ့လည်းပါးစပ်မှလည်း
"အကျင့်မကောင်းတဲ့လူကြီး . . .စိတ်ပုတ်တဲ့လူကြီး . . .နှိုင်းလေး လူကြီးကို စိတ်ဆိုးနေတာသိရဲ့နဲ့ နှိုင်းလေးကို လာတောင်မချော့ဘူး . . .ပြောတော့ နှိုင်းလေးကိုချစ်တယ်ဆို . . .အခုကျတော့ နှိုင်းလေးကို ဂရုမစိုက်ဘဲ ပစ်ထားတယ်. . .အီးးး. . . ဟီးးး . . . လူကြီးစိတ်ပုတ်ကြီး. . ."
နှိုင်းလေးမှာ ငိုလိုက် ဖက်ခေါင်းအုံးကိုရိုက်လိုက် နဲ့ အချိန်တော်တော်ကြာလုပ်ပြီး ပင်ပန်းသွားတာကြောင့် ကုတင်ပေါ်တွင် ခွေခွေလေးအိပ်ပျော်သွားလေသည်။ ဖက်ခေါင်းအုံးလေးမှာလည်း နှိုင်းလေးရဲ့ ထုရိုက်မှုကြောင့်ပြဲကာ အထဲမှငှက်မွှေးများပင်ထွက်နေလေသည်။
နေ့လည်စာ စားချိန်ရောက်တဲ့အထိ နှိုင်းလေးမှာ ထမင်းစားဖို့ဆင်းမလာတာကြောင့် ကြီးကြီးမြင့်မှာ နှိုင်းလေးအား ထမင်းစားရန် လာခေါ်တော့မှ နှိုင်းလေးအိပ်ယာနိုးလေသည်။
ထမင်း မစားချင်တာကြောင့် ကြီးကြီးမြ လုပ်ပေးတဲ့ ပူတင်းလေးပဲစားပြီး အခန်းထဲပြန်လာခဲ့တော့သည်။ အခန်းထဲရောက်သည်နှင့် လူကြီးများ သူ့ဆီ စာလေးများပို့ထားလေမလား Ph လေးများ ခေါ်တာ မလားဟုတွေးကာ စားပွဲပေါ်မှာတင်ထားတဲ့ Ph လေးကို ယူကြည့်မိတော့ စာပို့ထားတာရော Ph ခေါ်ထားတာရော မတွေ့တာကြောင့်နှိုင်းလေး ဝမ်းနည်းမိလာသည်။
"ပြောတော့ နှိုင်းလေး ကို အရမ်းချစ်တယ်ဆို . . .အခုကျဘာလို့ တစ်ယောက်တည်းပြစ်ထားတာလည်း . . . တကယ်စိတ်ဆိုးသွားပြီ လူကြီးကို . . ." ပါးစပ်ကလည်းပြောကာ လူကြီးအခန်းထဲက နှိုင်းလေး ပစ္စည်းတွေကိုသိမ်းကာ နှိုင်းလေးရဲ့ အခန်းထဲသို့ ယူလာလိုက်သည်။
လူကြီး အခန်းထဲမှာ နှိုင်းလေး စိတ်တိုင်းကျ သောင်းကျန်းထားတာတွေကိုတော့ မရှင်းဘဲထားထားခဲ့သည်။ကြီးကြီးမြက အခန်းရှင်းပေးမယ်ဆိုတာတောင် မရှင်းခိုင်းဘဲ ဒီအတိုင်းထားခိုင်းလိုက်သည်။ လူကြီးကို သူအရမ်းစိတ်ဆိုးနေကြောင်း သိစေချင်၍ တမင်အခန်းကို မရှင်းခိုင်းခြင်းဖြစ်သည်။
နှိုင်းလေး ကညဘက်ဆို တစ်ယောက်တည်း မအိပ်ရဲတာမို့ လူကြီး အခန်းမှာပဲနေဖြစ်တာကြောင့် နှိုင်းလေး အခန်းကိုက မသုံးဖြစ်ပေ။
"ဒီနေ့ကစပြီး ညဘက် တစ်ယောက်တည်းအိပ်ရဲအောင်လုပ်တော့မယ် . . .ဘာမှမအိပ်ရဲစရာမလိုဘူး နှိုင်းလေး. . . မီးဖွင့်ပြီးအိပ်လည်းရတာကို မကြောက်နဲ့ နှိုင်းလေး. . ."
"လူကြီးလည်း ပြန်လာရင် တွေ့မယ် နှိုင်းလေးနဲ့ . . ."
တစ်ဖက်မှ သျှားမြတ်သူမှာလည်းသူ့ကလေးလေးဆီ Ph ခေါ်ချင်ပေမဲ့ Meeting ခန်းထဲတွင်အလုပ်ကိစ္စတွေ မပြီးပြတ်သေးတာကြောင့် Ph ခေါ်လို့အဆင်မပြေဖြစ်နေသည်။
'ကလေးလေးတော့ကိုယ့်ကို အရမ်းစိတ်ဆိုးနေတော့မှာပဲ ကိုယ်အိမ်ပြန်ရောက်ရင် ကလေးလေး စိတ်ဆိုးပြေတဲ့အထိချော့ပါ့မယ် ကလေးလေးရေ. . .'
TBC. . .
ဝေဖန်အားပေးကျပါဉီးဗျာ ☺️
စာလုံးပေါင်း အမှားလေးတွေပါနေရင် တောင်းပန်ပါတယ်ဗျာ။သည်းခံပြီးဖတ်ပေးပါနော် ။
မနက်စာဖြေရမှာကို အခုချိန်ထိ စာမကျက်ချင်သေးဘူးဖြစ်နေတဲ့ ကိုယ်ရယ်ပါ. . . စာကျက်ချင်စိတ်လေးဖြစ်အောင် Moti လေးပေးကျပါဉီးဗျာ. .
ချစ်တဲ့ Hana 🌻💜💜
10.8.2020#
YOU ARE READING
You Are My Sunshine (On Going)