🌻Part. 12 Unicode 🌻

224 10 0
                                    

သျှားမြတ်သူလည်း ကလေးလေး အခန်းထဲက ပြန်လာပြီးတာနဲ့ ရေချိုး အဝတ်စားလဲကာ ကလေးလေးကို ထမင်းစားရန်သွားခေါ်လေသည်။

နှိုင်းလေးတစ်ယောက် တနေ့လုံး ငိုလိုက်အိပ်ပျော်လိုက်လုပ်ထားတာကြောင့် လူက လန်းလန်းဆန်းဆန်းမရှိတာကြောင့် ရေချိုးခေါင်းလျှော်လိုက်သည်။အဝတ်အစားလဲပြီး ဆံပင်ရေသုတ်နေတုန်း ရုတ်တရက်ကြီးရေသုတ်နေတဲ့နှိုင်းလေးလက်ပေါ်ရောက်လာတဲ့လက်တစ်စုံကြောင့် နှိုင်းလေး လန့်သွားသည်။

"လူ. . .လူကြီး. . ."

"ကလေးလေးရယ် ညနေဘက်ကြီး ဘာလို့ခေါင်းလျှော်ရတာလဲ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲကွာ. . . ကိုယ်ကလေးလေးရဲ့ ဆံပင်တွေကို ခြောက်အောင်လုပ်ပေးမယ်နော်. . ."

သျှားမြတ်သူ ကလေးလေးကို ကုတင်ပေါ်ထိုင်ခိုင်းပြီး ကလေးလေးရဲ့ဆံပင်တွေကိုခြောက်အောင် Dryer နဲ့ မှုတ်ပေးနေသည်။နှိုင်းလေးက ကုတင်ပေါ်တွင် ထိုင်နေတာကြောင့်သျှားမြတ်သူရဲ့ ရင်ခွင်ထဲသို့ရောက်လို့နေသည်။

နှိုင်းလေးလည်း လူကြီးရဲ့ ရင်ခွင်ထဲသို့ရောက်နေတာကြောင့် ရင်ခုန်သံတွေမြန်နေသည်။ရင်ခုန်နေတာ နှိုင်းလေးတစ်ယောက်တည်းမဟုတ် လူကြီးရဲ့ရင်ခုန်အသံကိုလည်း ရင်ခွင်ထဲက နှိုင်းလေးက အတိုင်းသားကြားနေရသည်။

'လူကြီးရဲ့ ရင်ခုန်သံကအရမ်းနားထောင်လို့ကောင်းတာပဲ . . .'

သျှားမြတ်သူမှာလည်း ကလေးလေးကို ဆံပင်ခြောက်အောင် လုပ်ပေးနေပေမဲ့ ကလေးလေးနဲ့ နီးကပ်နေတဲ့ အနေအထားကြောင့် ရင်တွေအရမ်းခုန်နေသည်။

"ရပြီကလေးလေး ဆံပင်တွေခြောက်သွားပြီ . . .နောက်ဆို ညနေဘက်ကြီး ခေါင်းမလျှော်ရဘူးနော် ကလေးလေး . . ."

"ဟုတ်ကဲ့ . . .လူကြီး . . ."

"ကဲ အဲဒါဆိုထမင်းသွားစားရအောင် . . ."

"ဟုတ်. . ."

ထမင်းစားတော့လည်း လူကြီး နှိုင်းလေး ကြိုက်တဲ့ ဟင်းတွေကို ပန်းကန်ထဲ ခပ်ထည့်ပေးပြီး မခွံ့ကျွေးရုံတမယ် ဂရုစိုက်လေသည်။

ထမင်းစားပြီးသည်နှင့် လူကြီးနဲ့အတူ ဧည့်ခန်းထဲ TV ကြည့်နေသည်။နှိုင်းလေးကသာ TV ကြည့်နေပေမဲ့ လူကြီးက နှိုင်းလေးဘေးမှာထိုင်ပြီး Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေသည်။နှိုင်းလေးလည်း အလုပ်ရှုပ်နေတဲ့လူကြီးကို မနှောက်ယှက်တော့ပဲ TV ကြည့်နေလိုက်သည်။

You Are My Sunshine (On Going)Where stories live. Discover now