🌻 Part .6 ZG (Zawgyi) 🌻

106 3 0
                                    

မကြာမီ မိုးရာသီရောက်တော့မည် ဖြစ်တာကြောင့် မနက်စောစော ရွာတဲ့ မိုးဟာ နှိုင်းလေးကို ချမ်းအေးစေတာကြောင့် နှိုင်းလေးတစ်ယောက် အနွေးဓာတ်ရှိရာဆီ ပိုမိုတိုးဝင်နေမိသည်။နှိုင်းလေး ပိုမိုတိုးဝင်နေမိသည့် နေရာသည် တခြားတော့မဟုတ် သျှားမြတ်သူရဲ့ ရင်ခွင်အတွင်းသို့ပင်ဖြစ်သည်။

သျှားမြတ်သူလည်း သူ့ကလေးလေးက ချမ်းလို့ ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်လာသောကြောင့် ကလေးလေးကို တင်းတင်းကြပ်ကြပ်လေးပြန်ဖက်ကာ ကလေးလေးအား နွေးထွေးစေသည်။မျက်နှာတွင်လည်း ​ပျော်ရွှင်ကြည်နူးမှုများဖြင့်ပြည့်နေလေသည်။

နှိုင်းလေးလဲ အိပ်ယာမှနှိုးလာသောအခါ ခါးထက်မှ တင်းကြပ်စွာ ဖက်ထားခံရမှုကြောင့်ရော အသက်ရှူကျပ်မှုကြောင့် မျက်လုံးလေးကိုဖွင့်ကြည့်လိုက်သောအခါ နှိုင်းလေး တကိုယ်လုံးဟာ လူကြီးရဲ့ ရင်ခွင်ထဲတွင် ရောက်နေပြီး နှိုင်းလေးရဲ့ ခါးလေးကိုလည်း လူကြီးက လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာ ဖက်ထားသောကြောင့် နှိုင်းလေးမှာ နွေးထွေးလုံခြုံမှုများ ခံစားရလေသည်။

နှိုင်းလေးလည်း လူကြီးနှိုးမှာစိုးတာကြောင့် နည်းနည်းလေးတောင်မလှုပ်ပဲ ရင်ခွင်ထဲကနေ လူကြီးရဲ့ မျက်နှာလေးအား မေ့ကြည့်လိုက်လေသည်။

"လူကြီးက အိပ်နေတာတောင် အရမ်းချောတာပဲ . . ."

"ကိုယ်ချောတာ ကိုယ်သိတယ် ကလေးလေးရဲ့ . . ."

"ဗျ. . . ဗျာ လူကြီးနိုးနေတာလား . . ."

"ကိုယ်နိုးနေတာ ကြာပြီ ကလေးလေး နိုးမဲ့အချိန်ကို ကိုယ်စောင့်နေတာ . . ."

"ကဲ ကလေးလေး ကိုယ် အရင်အိပ်ယာထမယ်နော် ကလေးလေးက ခုတင်ပေါ်မှာပဲနေဉီးနော် မထနဲ့ဉီးနော် . . ."

"ဟုတ်ကဲ့ လူကြီး. . ."

သျှားမြတ်သူလဲ အရင်အိပ်ယာထပြီး မျက်နှာသစ် သွားတိုက် ရေချိုးလိုက်သည်။ပြီးနောက် ကလေးလေး ဆီသွားကာ ပွေ့ချီလိုက်ပြီး ကလေးလေးကို ရေချိုးဆီခေါ်လာလိုက်တယ်"

"အာ . . .လူကြီး နှိုင်းလေး လမ်းလျှောက်နိုင်ပါတယ် . . ."

"ကလေးလေး လမ်းလျှောက်နိုင်တာ ကိုယ်သိတယ် ဒါပေမဲ့ ကလေးလေး ဗိုက်မှာ ဒဏ်ရာနဲ့လေ ကလေးလေး လှုပ်လှုပ်ရှားရှားလုပ်ရင် ဒဏ်ရာက သွေးပြန်ထွက်မှာစိုးလို့ ကိုယ်ချီတာပါ. . ."

You Are My Sunshine (On Going)Where stories live. Discover now