သျှားမြတ်သူ စီးလာတာတဲ့ ကားဟာစံအိမ်ရဲ့ ဆင်ဝင်အောက် ကိုရောက်တယ်ဆိုတာနဲ့ သျှားမြတ်သူ ကားတံခါးကိုဆွဲဖွင့်ကာ သူရဲ့ အိပ်ခန်း ရှိရာဆီ မပြေးယုံတမယ် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။
မိသားစုဆရာဝန် ဦးထွန်းစိန် နဲ့ အိမ်တော်ထိန်း ဒေါ်မြင့်ခင်တို့မှာ အဆင်သင့်စောင့်နေကျသည်။
သျှားမြတ်သူလဲ သူ့အခန်းထဲက ခုတင်ထက်မှာ ကလေးလေး ကိုညင်သာစွာထားလိုက်ပြီး
"ဦးလေးထွန်း ကျွန်တော်ရဲ့ ကလေးလေး ကိုကြည့်ပေးပါဦးဗျာ . . ."
"ကလေးလေးက ခေါင်းရော လက်ရော ဗိုက်လဲထိထားသေးတယ်. . ."
"ဟုတ်ပါပြီ ဦးလေးထွန်းသေချာကြည့်ပေးမယ် စိတ်မပူနဲ့ ဟုတ်ပြီလား . . ."
ဦးထွန်းစိန် တယောက် သျှားမြတ်သူရဲ့ အခုလို လူတစ်ယောက်အပေါ် စိတ်ပူ စိုးရိမ်တဲ့ ပုံကို တခါမမမြင်ဖူးသဖြင့် အံ့သြမိသွားသည်။
ကောင်ငယ်လေးကို ကြည့်လိုက်တော့ အသားဖြူဖြူ လူကောင်သေးသေးနဲ့ ဆံပင်လေးတွေကလဲ အနက်ရောင်လဲမကျ အညိုရောင်ဘက်သန်းနေပြီး ခပ်အုပ်အုပ်လေးနဲ့ ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်၍ချစ်စရာကောင်းလှသည်။
ထို့နောက် သျှားမြတ်သူ ခေါ်လာတဲ့ ကောင်ငယ်လေးရဲ့ ဒဏ်ရာများကို သေချာကြည့်၍ ဆေးထည့်စရာရှိသည်များကိုဆေးထည့်ပေးနေသည်။
"ခေါင်းကလဲ အများကြီးမထိပါဘူး နည်းနည်းလေးပဲပေါက်သွားတာ ကြည့်ရတာ ခေါင်းကိုရိုက်တော့ လက်နဲ့ ကာလိုက်တဲ့ပုံပဲ အဲဒါကြောင့် လက်တော့ကျိုးသွားတယ်. . .ဦးလေးထွန်း လက်ကို ကျောက်ပတ်တီးစည်းပေးထားတယ်. . ."
"ဗိုက်လဲရှပ်ထိသွားတာဆိုတော့ မစိုးရိမ်ရပါဘူး. . ."
"သတိရလာရင် ထမင်းလို မာတဲ့အရာတွေ မကျွေးနဲ့ဦး "
"ဟုတ်ကဲ့ ဦးလေးထွန်း . . ."
"မကြာခင် သတိရလာမှာပါ ဦးလေးထွန်းပေးတဲ့ဆေးတွေကိုတော့ သေချာတိုက်ပေးနော်. . ."
"ဟုတ်ကဲ့ ဦးလေးထွန်း . . . ကျော်စွာ ဦးလေးထွန်းကိုသေချာလိုက်ပို့လိုက် . . ."
YOU ARE READING
You Are My Sunshine (On Going)