🌻Part . 9 Unicode 🌻

129 8 6
                                    

နှိုင်းလေး လူကြီးအိမ်ရောက်နေတာ ၁လနီးပါးပင်ရှိသွားပြီဖြစ်ပြီး ဒဏ်ရာများလည်းပျောက်သွားပြီဖြစ်သည်။ လူကြီးအိမ်ရောက်တဲ့နေ့ကနေ ဒီနေ့အထိ လူကြီးက နှိုင်းလေးကို လိုအပ်ချက်မရှိအောင် ဂရုစိုက်သည်။

ဘာလိုလိုနဲ့ နောက်အပါတ်ဆို နှိုင်းလေး တောင်ကျောင်းပြန်တက်ရတော့မှာဖြစ်တာကြောင့် ကျောင်းပြန်တက်ရမဲ့အကြောင်းကို နှိုင်းလေးတွေးနေတုန်း လူကြီးရဲ့ အသံကြားမှ အတွေးထဲကနေရုန်းထွက်လိုက်မိတော့သည်။

"ကလေးလေး . . .ကလေးလေး . . ."

"ဗျ. .ဗျာ လူကြီး. . ."

"ကလေးလေး ဘာတွေတွေးနေတာလဲ ကိုယ်ခေါ်တာလည်းမကြားဘူး . . ."

သျှားမြတ်သူမှာ သူ့ဘေးတွင်ထိုင်ကာ မနက်စာစားနေသော ကလေးလေးမှာ မနက်စားမစားတော့ဘဲ တခုခုကို တွေးနေတာကြောင့် ကလေးလေးကို ခေါ်လိုက်ခြင်းဖြစ်သည်။

"နောက်အပါတ်ဆို နှိုင်းလေးတို့ ကျောင်းပြန်ဖွင့်ပြီလေ အဲဒါကြောင့် ကျောင်းပြန်တက်ရတော့မှာကိုတွေးနေတာပါ လူကြီးရ တခြားဘာမှမတွေးပါဘူး. . ."

"ဟုတ်သားပဲ ကလေးလေးတောင် ကျောင်းပြန်တက်ရတော့မှာပဲ . . .အဲကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူနဲ့နော် ကိုယ်အားလုံးအဆင်ပြေအောင် စီစဥ်ထားတယ် . . ."

"တကယ် . . ."

"တကယ်ပေါ့ အဲဒါကြောင့် ဘာမှမတွေးနဲ့တော့နော်. . .ကလေးလေး မနက်စာ မစားဘဲတွေးနေတာနဲ့ မုန့်ဟင်းခါးကပွတော့မယ် . . .မုန့်ဟင်းခါးလေး အရင်စားလိုက်နော် ပြီးရင် ကိုယ်စီစဥ်ထားတာတွေပြောပြမယ်နော်. . ."

"ဟုတ်ကဲ့ . . .လူကြီး. . ."

မနက်စာစားပြီးတော့ နှိုင်းလေးလည်း လူကြီးစီစဥ်ထားတာတွေကို သိချင်တာကြောင့်

"လူကြီးပြောပြတော့လေ. . ."

"ပြောပြမှာပေါ့ ကလေးလေးရဲ့ . . .
ကလေးလေး ကို ကိုယ်ကစိတ်မချတော့ ကျောင်းကို ကိုယ် ကိုယ်တိုင် လိုက်ပို့ပေးမယ်. . ."

"ဗျ. .ဗျာ . . .လူကြီးတကယ်ပြောနေတာလား နှိုင်းလေးကျောင်းက ပဲခူးမှာနော် ရန်ကုန်မှာမဟုတ်ဘူး. . ."

You Are My Sunshine (On Going)Where stories live. Discover now