Chapter (4)

4.5K 464 4
                                    

[[ UNICODE ]]

Never.....{{ ဘယ်သောအခါမှ }}




" တိတိနော..နော်လို့..."

"မမ ကလဲဟာ..."


အစ်မဖြစ်သူကို သတိရလို့ ကျောင်းပိတ်ရက် အိမ်ပြန်လာခဲ့မိပါတယ် ပူဆာပုံက ဆန်းကြယ်နေရောပဲ..၊ အစ်ကို့ဦးလေးနဲ့ သွားတွေ့ရမှာကို ဘာကြောင့်ကျွန်တော်က အဖော်လိုက်ရဦးမှာလဲ?

"တိတိ.."

ရိပေါ်က Brownရောင် ဆံပင်များကို ဆွဲဖွပစ်ရင်း ကျောပိုးအိတ်ကို ကောက်လွယ်လိုက်သည်၊ သူ့ကြည့်ရတာ ခုချက်ချင်းပဲ အိမ်ထဲက ထွက်သွားတော့မည့် ပုံမျိုး..။

မျက်နှာမဲ့နေသော ဝမ်ရိချန်းသည် အခုတော့ ငိုယိုခြင်းအဖြစ်သို့ ပြောင်းလဲသွားကာ...

"တိတိ နင်ပြောင်းလဲနေတာ မမသိတယ်နော် ဘာလို့လဲဟင်!ကိုကိုနဲ့ သဘောမတူလို့လား? တိတိ သဘောမတူရင် ခုချက်ချင်းအဆက်အသွယ် ဖြတ်လိုက်ပါ့မယ် ခုလိုစိမ်းစိမ်းကားကားကြီးတော့ မဆက်ဆံပါနဲ့..."

ရိပေါ်မှာ ဘာ​ပြောရမှန်းမသိတော့.. ကိုယ်ပြောင်းလဲနေတာကို မမက ရိပ်မိနေတာလား?ဒီကမ္ဘာပေါ်မှာ ကျွန်တော် မမြင်ချင်ဆုံးက မမမျက်ရည်တွေပါ..။

ဝမ်ရိချန်းဆိုတာ သူမအတွက်မကြည့်ပဲ အရာအားလုံးကို ကျွန်တော့်အပေါ်ပဲဦးတည်ထားခဲ့တာ၊ သူမကို ပျော်စေချင်လို့ ခုလိုခံစားချက်တွေ ထိန်းချုပ်ပြီး နေနေရတာ ခုလို ငိုယိုနေဖို့ မဟုတ်ဘူးလေ...။

"တိတိ...***Sob ပြောလေ ဘာလို့လဲလို့..."

ငိုရှိုက်ရင်း ပြောနေသော်လည်း မမကရုပ်ဆိုးသွားခြင်း အလျဥ်းမရှိ၊ ဒီအချိန်ခုလိုမတွေးသင့်တာ သိပေမယ့် ကျွန်တော်ငိုရင်ရော အဲ့လို ကြည့်ကောင်းပါ့မလား?

မျက်ခမ်းစပ်တွေ ရဲရဲနီနေပြီး တစ်ခါရှိုက်လိုက်တိုင်း ပခုံးနှစ်ဖက်က တစ်သိမ့်သိမ့်တုန်နေတာမို့ ရိပေါ့်မှာမခံစားနိုင်တော့...။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now