Chapter (13)

3.8K 367 9
                                    

UNICODE

Never...{{{ဘယ်သောအခါမှ }}}
____________________________

မျက်ခုံး ကွေးကွေးလေးရယ် ၊မျက်တောင် ကော့ကော့လေးရယ်က နက်စွေနေကြသည်..။နှာတံစင်းစင်းလေးရဲ့ ဦးတည်ရာက အနီရောင် နှုတ်ခမ်းပါးလေးဖြစ်ပြီး ဆေးမကူပါပဲ အနည်းငယ် ရဲချင်နေသော ပါးမို့မို့လေးများ ။

Wine အရှိန်ကြောင့် ပိုမိုအရောင်ရင့်လျှက်ရှိသော နှုတ်ခမ်း အိအိလေးက ရိပေါ့် သမာဓိအားကို စမ်းသပ်နေသယောင် ။

နှုတ်ခမ်းအောက်က မှဲ့နက်လေးကို အသာတို့ထိကြည့်ပြီးနောက်မှာ သက်ပြင်းကိုသာ လေးလေးပင်ပင်နှင့် ချမိတော့သည်..။

"ဟူး....."

ရင်ဖွင့်တယ်တဲ့...
ဘယ်လောက်တောင်များ ခံစားနေရလို့ အခုလိုရုပ်ပျက်ဆင်းပျက် ဖြစ်ရတယ့်အထိတောင်....!!!

"ဟင့်."

ခပ်တိုးတိုး ညည်းညူရင်း အနည်းငယ်လွန့်လူးလာတယ့် အစ်ကို့ ခန္ဓာကိုယ်ကြောင့် ရိပေါ်မှာ မျက်လုံးအစုံကို စေ့စေ့မှိတ်ထားမိတယ်..။ ခုချိန်မှာ ကုတင်ပေါ်မှာ ကျွန်တော်တို့ နှစ်ယောက်တည်းလေ အစ်ကို့ဘက်က ရိုးသားပေမယ့် ကိုယ့်စိတ်တွေက ဖောက်ပြန်နေသောအခါ..

"အင့်. ..."

ရိပေါ် အသက်ကို အောင့်ထားလိုက်ကာ ခါးပေါ်က ခြေထောက်တစ်ဖက်နဲ့ မိမိကိုပွေ့ဖက်လိုက်တဲ့ အစ်ကို့ရင်ခွင်ထဲမှာ နစ်မြုပ်သွားခဲ့ပြန်တယ်..။

ရူးတော့မယ်အစ်ကို...
ကျေးဇူးပြုပြီး.....
ကျေးဇူးပြုပြီးတော့...

တွန်းကန်လေ ရင်ခွင်ထဲ ဆွဲသွင်းလေ ဖြစ်နေတာကြောင့် ရိပေါ့်မှာ ရှောင်းကျန့် ရင်အုပ်ထဲသို့ ခေါင်းနှစ်နေရုံမှအပ...။

ခပ်တိုးတိုး ရေရွတ်သံက တိုးသဲ့ပေမယ့် ကျွန်တော့်အတွက်တော့ နားထဲမှာ ချိန်ကိုက်ဗုံးထပေါက်သလို...

"ငယ်...မရုန်းနဲ့လေ.."

"*Sob..."

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Donde viven las historias. Descúbrelo ahora