Chapter (8)

5.2K 370 9
                                    

/ Unicode /

Never...[[ ဘယ်သောအခါမှ]]

Breakfast မစားခင်အချိန်လေးမှာ ရိပေါ် ကတော့ Uncle အခန်းထဲ ရောက်ရှိသွားခဲ့ သည် ။ အောက်ပိုင်း သေတယ်လို့သာ ဆိုပေမယ့် တကယ်တော့ လမ်းမလျောက်နိုင်လောက်အောင်လဲ မဟုတ်ပြန်ဘူး။

ခြေထောက်က အကြောသေသလို ဖြစ်သွား ကာ အကြောတင်းပြီး လမ်းလျှောက်၍မ ရသော အခြေအနေမျိုး၊ ထိုဒဏ်ရာကို မကုပဲ ထားတော့ကြာလာတော့ ဒဏ်ဖြစ်သွားသည့် သ​ေဘာပင်..။

"Uncle အဆင်ပြေရဲ့လား ကျွန်တော်ဘာ ကူညီပေးရမလဲ?"

ရှောင်းမုချီမှာ ချိုင်းထောက်နှင့် ပုံပန်းမကျစွာ လမ်းလျှောက်ရင်း ပြုံးရုံပဲ ပြုံးပြလာသည် ။ ပြီးမှ..

"မလိုပါဘူး ရိပေါ်လေးရယ် Uncle မနက်တိုင်းလုပ်နေကျပါ ဆေးသာမကုတာ Uncle က လေ့ကျင့်ခန်းတော့ လုပ်ဖြစ်ပါတယ် မယုံရင် ကြည့်ပါလား?"

ဒါကတော့ဟုတ်သည်..။
မမ Wedding တုန်းကဆို Uncle က Wheelchairပေါ်မှာပဲ ထိုင်နေခဲ့ရတာ ခုပုံစံက အရင်ကနဲ့ ယှဉ်ရင်တော့ အများကြီး ကောင်းသွားပြီပဲ။

ရိပေါ်မှာ ဝမ်းသာအားရနှင့် ခေါင်းညိမ့်ပြပြီး

"ဟုတ်တယ်နော် ..Uncle ဒါနဲ့ ကုထုံးနဲ့ကုကြည့်ပါလား? ခြေထောက်တွေက ပြန်ကောင်းနိုင်မယ့် အလားအလာရှိပါတယ် "

ရှောင်းမုချီ က ကုတင်ပေါ် ထိုင်ရန် ဟန်ပြင်နေတာကြောင့် ရိပေါ်မှာ ကူတွဲရပြန်သည်..။ပြီးမှ စကားကိုဆက်ကာ....

"အင်း..အလားအလာရှိ တာတော့ Uncleသိပါ တယ် ဒါပေမယ့် နည်းနည်းတော့ ဈေးကိုင်ထား ရတာပေါ့ "

ဈေးကိုင်တယ်!!
ဘာကိုပြောတာလဲ?

ရိပေါ်က နားရှုပ်သွားပုံနှင့် နားထင်ကိုခပ်ဖွဖွ ကုပ်ရင်း ...

"Uncle ဘာကိုပြောတာလဲဟင်!
ကျွန်တော် နားမလည်ဘူး"

"အာ..ဒီလိုကွာ ကျန့်အာလက်ထပ်တာ ရှေ့ လ ဆို တစ်နှစ်ပြည့်ပြီလေ ၊ အဲ့ဒါခုချိန်ထိ ကလေး မယူကြသေးဘူး၊ ဒါကြောင့်အပေးအယူ လုပ်ထားတာ ..."

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now