##Unicode##
Never.....[[ ဘယ်သောအခါမှ ]]
***************************အခန်းတံခါးကိုဖွင့်ရန် ပြင်နေသော ရှောင်းကျန့် လက်တစ်ဖက်ကို ရိချန်းမှာ ဆတ်ခနဲရိုက်ချလိုက်ပြီး ...
"ဘာလို့ တိတိအခန်းထဲဝင်ဖို့ လုပ်နေတာလဲ?"
"ကိုယ်.."
"ေတာ်ပြီ အကြောင်းပြချက်မပေးနဲ့ နှစ်ယောက်စလုံးကို မရနိုင်ဘူးလို့ ငယ် ပြောခဲ့ပြီးသားပါ ကိုကို က သိပ်လွန်တာပဲ.."
တုံ့ပြန်စကားတို့မရှိ.. ငယ် ပြောတာလဲ မှန်နေတာပဲလေ..။ ထို့ကြောင့် မျက်နှာငယ်လေးနဲ့ အခန်းရှေ့မှာသာ ရပ်နေမိတယ် ။
ရိချန်း မှာ အခန်းထဲဝင်ရန် ခြေလှမ်းပြင်နေစဥ် လှပ်ခနဲပွင့်သွားတဲ့ တံခါးချပ်..။ ထို့နောက်မှာေတာ့ အိပ်မှုန်စုန့်မွှားနဲ့ ချစ်စဖွယ်ကောင်လေးတစ်ယောက်က တဝါးဝါးသမ်းကာ အခန်းထဲက ထွက်လာသည်..။
သူ့ပုံစံက အနည်းငယ် အံဩသွားသည့်ဟန်..၊ ပြီးနောက် မျက်လုံးကို လက်နှင့်ပွတ်ရင်း..
"ကျွန်တော့် အခန်းရှေ့မှာ အစ်ကိုနဲ့မမက ဘာလုပ်နေကြတာလဲဟင်!"
"အာ..နေမြင့်နေပြီလေ မမ က တိတိကို ခုပဲလာနှိုးမလို့ လုပ်နေတာ.."
ရိချန်း က လျှင်မြန်စွာပင် အဖြေပေးလိုက်သော်လည်း ရှောင်းကျန့်မှာတော့ ထိုကောင်လေးကိုသာ ငေးမောနေရင်း ရင်ဘတ်ကအဆမတန် ခုန်ပေါက်လို့လာတယ်..။
"အာ...ဟုတ်သားပဲ ဒီနေ့က ရုံးပိတ်ရက်ကို.. မနေ့က ကျွန်တော်နည်းနည်း မူးသွားတာကို ခွင့်လွှတ်နော် အဖော်ကောင်းလို့ သောက်ဖြစ်သွားတယ်.."
ရိေပါ်မှာ ထိုသို့ကျိုးကြောင်း ဆီလျော်စွာရှင်းပြနေသော်လည်း ရှောင်းကျန့်စိတ်ထဲတွင်တော့ မရိုးမယွဖြစ်လျှက်ရှိသည်..။
မနေ့က ယဲ့ဖေးကျောပေါ်မှာ ဖရိုဖရဲဖြစ်နေသော ရှောင်ငယ်ပုံစံ..၊ နောက်ပြီး ယဲ့ဖေးက ပြန်ခါနီး ကိုယ့်ကို ဘုကြည့် ကြည့်သွားသေးသည်..။ ဘယ်အချိန်ကများ ရှောင်ငယ်နဲ့ Club အတူတူသွားတဲ့ အထိတောင် ရင်းနှီးသွားရတာလဲ?
ESTÁS LEYENDO
"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔
Fanfic❗ ZhanYi ❗ [[ ZSWW ]] Fan fic ကဗျာမဆန်တယ့် အချစ်တေးသွားတစ်ပုဒ်ကို ကာရန်မညီပဲ ကျွန်တော်ဆိုခဲ့မိတယ်..။ (Xiao Zhan) လေနှင်ရာ လွင်မျောတဲ့ တိမ်တိုက်ငယ်တော့မဟုတ်ဘူး..။ သို့ပေမဲ့ လေနတ်သားက အစ်ကိုဆိုရင်တော့.. (Wang Yibo) ငယ် ရဲ့ ပျော်ရွှင်မှုဆိုတာ ချစ်တယ့်...