Chapter (12)

3.9K 378 5
                                    

Unicode

Never {{ဘယ်သောအခါမှ}}


"တိတိ ရေ မနက်ဖြန် Shopping ထွက်ကြ ရအောင်နော် "

ရိပေါ်က မျက်မှန်လေးကိုပင့်ကာ စာဖတ်နေရာမှ အစ်မဖြစ်သူအား စောင်းကြည့်လိုက်သည်..။ သူ့အကြည့်က စိတ်ကုန်နေတယ့်အကြည့်မျိုး..။

"ကျွန်တော်ဘာလို့ မလိုက်ချင်လဲ မမသိတယ်မလား..?"

ရိချန်းက လျှာတစ်လစ်ထုတ်ကာ ဟီးခနဲရယ် ချလိုက်၏..။ သူမဈေးဝယ်ရင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ လိုချင်တာတွေ့ရင် တောင်မှ တစ်ခါတည်းမဝယ်ပဲ Centreအနှံ့ပြဲပြဲစင်အောင် လမ်းလျှောက်တတ်သည်လေ..။ ထိုအရာတွေကို တိတိက လုံးဝမကြိုက် ။

"တိတိ ကလဲကွာ ဒီတစ်ခါဝယ်ရမယ့် ပစ္စည်း
တွေကို List လုပ်ထားပြီးသားပါ ဒါကြောင့်လိုက်ခဲ့... နော်နော်လို့"

ရိပေါ်က ဟွင်းခနဲနှာမှုတ်ရင်း ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ကျွီး ခနဲပွင့်လာသော တံခါးချပ်နောက်မှာ ရှောင်းကျန့်ရဲ့ ပြီတီတီမျက်နှာပေးကြောင့်...

"ဟင် အစ်ကို "

ငယ့်အနောက် လိုက်လာရပေမယ့် စာအုပ်တွေ နဲ့ပြည့်နှက်နေတယ့် ဒီလိုအခန်းငယ်လေး ကို သူတစ်ကယ်ပဲ မုန်းသည်..။ Libary က လေဝင်လေ ထွက်ကောင်းတာမို့ သိပ်မဆိုးသေး..။ ခုတော့..

"ကိုကို...တိတိကို ကူပြောပေးဦးလေ.."

ရှောင်းကျန့်က အင်တင်တင်နဲ့ အခန်းထဲဝင်လာပြီး နှာခေါင်းကို လက်နှင့်ပွတ်ကာ..

"တိတိလေးက မလိုက်ချင်ဘူးလား? ကိုယ်တို့ မင်္ဂလာနှစ်ပတ်လည်နေ့ အတွက် လိုအပ်တယ့် ပစ္စည်းလေးတွေ သွားဝယ်မှာ အဲ့ဒါ ဟတ်..ဟတ်ချိုး"

ရှောင်းကျန့် က မျက်ရည်များဝဲကာ နှာချေခြင်း ကိုအတောမသတ်နိုင်..။ ရိချန်းက ပြာယာ ခတ်နေတာမို့ ရိပေါ်မှာ ငုတ်တုတ်သာ ထိုင်နေလိုက်သည်..။ အစ်ကိုက တောင်းဆိုရင် ကျွန်တော်က ရင်ကွဲခံပြီး အကုန်လိုက်လျောပေးမှာမို့....

"လိုက်ခဲ့ပေးမယ်နော် စာဖတ်နေတာမို့ မနှောင့်ယှက် ကြပါနဲ့တော့ဗျာ၊ နောက်ပြီး အစ်ကိုက စာအုပ်အနံ့နဲ့ မတည့်ဘူးလေ ဘာလို့အခန်းထဲ ဝင်လာတာလဲ?"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Donde viven las historias. Descúbrelo ahora