Chapter (38)🔞

8.7K 540 84
                                    

#Unicode #

Never....[[ ဘယ်သောအခါမှ.......... ]]
*********************************

အိမ်ကြီးထဲမှာ ထမင်းစား စားပွဲကိုရှေ့ထားပြီး အတွေးကိုယ်စီနဲ့ ငြိမ်သက်နေသော လူသုံးယောက်..၊ နှုတ်မှ ဖွင့်မပြောသော်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နားလည်ဖို့ လုံလောက်နေပြီ..။

ရှောင်းမုချီ မျက်နှာကတော့ အတော်ကလေးကို အိုစာလို့နေသည်..။ အခြေအနေတွေကို ဂဃဏန မသိပေမယ့် မိမိကို တစ်ခုခုလျှို့ဝှက်ထားမှန်း နည်းနည်းတော့ ရိပ်မိလာပြီ..။ သို့ပေမယ့် ကျန့်အာနဲ့ချန်းအာရဲ့ ဖရိုဖရဲမျက်နှာတွေကို ကြည့်ရင်း မေးခွန်းတွေက ထွက်မလာ..။

နောက်ဆုံးတော့ ဘာစကားမှမဆိုပဲ ထမင်းဝိုင်းကနေ ထထွက်လာမိတယ်..။ ရိချန်းမှာလဲ အစားစားချင်စိတ် မရှိသော်လည်း ဗိုက်ထဲက ကလေးကိုငဲ့၍ နွားနို့ကိုသာ နှစ်ကျိုက်လောက်သောက်ရင်း..

"ငယ် အပေါ်တတ်နှင့်တော့မယ်.."

"အင်း ကိုယ်လိုက်ပို့မယ်.."

မငြင်းနိုင်တာအမှန်..။ပခုံးပေါ် ရောက်လာတဲ့ ကိုကို့လက်တစ်ဖက်ကို ကြည့်ရင်း ရင်ဘတ်ထဲ လှိုက်တတ်လို့လာတယ်..။

"**Sob "

"မငိုနဲ့လေ ဗိုက်ကြီးသည်တွေ ခဏခဏငိုရင်မကောင်းဘူး ငယ်.."

နှစ်သိမ့်စကားဆိုနေတဲ့ ထိုလူသားရဲ့အသံရှရှလေးဟာလည်း အနည်းငယ် တုန်ယင်လို့နေတယ်..။ လှေကားထစ်ပေါ် တတ်နေတဲ့ ခြေလှမ်းတွေဟာ ယိမ်းကာယိုင်ကာနှင့်..၊ အခန်းထဲ ရောက်တာနှင့်အပြိုင် ရှောင်းကျန့်မှာ ထိုမိန်းမငယ်လေးအား ကုတင်ပေါ်တွဲတင်ပေးရင်း..

"စောစောအိပ်နော်  တိတိက အချိန်တန်ရင်ပြန်လာမှာပါ ကိုယ်တို့ကို စောင့်နေလို့ပြောသွားတာပဲ.."

ဘယ်လောက်ထိ ကပေါက်တိကပေါက်ချာ နိုင်တဲ့ နှစ်သိမ့်မှုကြီးလဲ? ပျားရည်နဲ့ ဝမ်းချနေခြင်းဆိုတာကို ရိချန်းသိနေပေမယ့် ခေါင်းကိုသာ ခပ်ယဲ့ယဲ့ငြိမ့်ပြမိတယ်...။

မွေ့ယာတစ်ဖက်က သိမ့်ခနဲတုန်သွာပြီး ရိချန်းခေါင်းအောက်ကို ထုံးစံအတိုင်း ရှောင်းကျန့် လက်မောင်းတစ်ဖက်က ရောက်ရှိသွားကာ.. ကိုယ်ကိုပါ တစ်စောင်းလှဲချလိုက်သည်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now