#Unicode #
Never....[[ ဘယ်သောအခါမှ ]]
****************************ဆေးရုံက ဆင်းပြီး 2 ပတ်အကြာမှာပဲ ရိပေါ့်ခြေထောက်တွေ ဟာအရင်အတိုင်းပြန်ကောင်းလာခဲ့တယ်..။ ရှောင်းကျန့် တွေးထင်သလို သူနာပြုနဲ့လဲ ဇာတ်လမ်းမဖြစ်ခဲ့ပါဘူး..ပြောင်းလဲသွားခဲ့တာက အရင်ကလို မိန်းကလေးတွေကို ရှောင်ဖယ် ရှောင်ဖယ်မလုပ်တော့ပဲ ပို၍လူဝင်ဆံ့လာခြင်း..။
ခုလဲ Breakfast စားနေရင်းတန်းလန်း အားလုံးကို အစားနင်အောင် လုပ်လိုက်ပုံက..အောက်ပါအတိုင်းပင်..
"အဟမ်း..ကျွန်တော် အကုန်လုံးကို သတိပေးစရာရှိလို့ပါ.."
သုံးယောက်သား အကြည့်တွေက ရိပေါ့်ဆီမှာသာ စူးစိုက်လျက်ရှိနေကာ ရှောင်းမုချီမှာ လူကြီးပီပီ..
"ပြောလေ..ရိပေါ်လေး "
"ကျွန်တော် ပြင်သစ်ကိုပြန်တော့မယ်.."
ရိချန်းမျက်နှာက ချက်ချင်းပင် ပျက်ကျသွားကာ ရှောင်းကျန့်မှာတော့ လက်ထဲက စတီးတူလေးကိုသာ ကျိုးကြေမတတ် ဆုပ်ကိုင်ထားမိတယ်..။ ထိုတင်မကသေး..ရိပေါ်ကဆက်ပြီး..
" ကျွန်တော်က ဒီကိုတစ်လလောက်ပဲ လာလည်ပေမယ့် မထင်မှတ်ပဲ လအတော်ကြာဒီမှာနေမိသွားတယ်..၊ ဒါကြောင့် ပြန်သင့်ပြီထင်တာပဲ..၊ နောက်ပြီး ကျောင်းကလဲ တစ်ပိုင်းတစ်စကြီးနဲ့လေ "
အားလုံးက မျက်နှာပေး အမျိုးမျိုးနဲ့ ရိပေါ့်စကားတွေကိုသာ အာရုံစိုက်ပြီး နားထောင်နေကြသည်..။
" မမမှာလဲ ခုဆို Baby လေးတွေရှိနေပြီဆိုတော့ ကျွန်တော့်ကို ကလေးလို့မသတ်မှတ်နဲ့တော့နော်..ဟီးး.."
မဆီမဆိုင် ဟီးးခနဲထရယ်တော့ နားထောင်နေသည့် သူများမှာ အောင့်သက်သက်နှင့်..။ ရှောင်းကျန့်မှာ နောက်ဆုံးတော့ ပြူးတူးပြဲတဲနဲ့...
" တိတိ က အပြီးထွက်သွားမှာလဲ မဟုတ်ပဲနဲ့ ဘာလို့ အဲ့လောက်ထိ နိဒါန်းတွေ ရှည်နေရတာလဲ?"
ရိပေါ် က ပေါ့ပေါ့ပါးပါးပင် ပြန်တုန့်ပြန်လာသည်..။
"အပြီးမဟုတ်ပေမဲ့ Doctor ဖြစ်မှပြန်လာမှာဆိုတော့..၅ နှစ်လောက်တော့ အနည်းဆုံးကြာမှာပဲ..၊ အဲ့ခါကျရင် အိမ်ထောင်ဖက်ကိုပါ တစ်ခါတည်း ခေါ်လာခဲ့မယ်..ဘယ်လိုလဲ အကြံပိုင်တယ်မလား? ခွီးးး.."
YOU ARE READING
"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔
Fanfiction❗ ZhanYi ❗ [[ ZSWW ]] Fan fic ကဗျာမဆန်တယ့် အချစ်တေးသွားတစ်ပုဒ်ကို ကာရန်မညီပဲ ကျွန်တော်ဆိုခဲ့မိတယ်..။ (Xiao Zhan) လေနှင်ရာ လွင်မျောတဲ့ တိမ်တိုက်ငယ်တော့မဟုတ်ဘူး..။ သို့ပေမဲ့ လေနတ်သားက အစ်ကိုဆိုရင်တော့.. (Wang Yibo) ငယ် ရဲ့ ပျော်ရွှင်မှုဆိုတာ ချစ်တယ့်...