Chapter (40)

5.5K 533 47
                                    

## Unicode ##

Never......[[ ဘယ်သောအခါမှ ]]
****************************

ပိတ်ကျသွားတဲ့ အခန်းမီးလေးကို ကြည့်ပြီး သက်ပြင်းဖွဖွချသည်..။ လက်ပတ်နာရီကို ကြည့်လိုက်တော့ 11 နာရီထိုးလုထိုးခင်..။ အရိပ်အယောင်တွေ့တာနဲ့ ကိုယ်ကိုကိုယ် သတ်သေပစ်မယ်တဲ့..၊ ခြိမ်းခြောက်တယ်ဆိုပေမယ့် အဲ့စကားကို သူတစ်ကယ်ပဲကြောက်သည်..။ ခုလဲ မလှမ်းမကမ်းမှ ခြံကြီးကို စောင့်ကြည့်နေတာကြောင့် အခန်းမီးလဲပိတ် ကားကိုလဲ စက်နှိုးလိုက်မိသည်..။

ကား ဒက်ဘုတ်ပေါ်က အဖြူရောင်စာရွက်နှစ်ရွက်ကိုကြည့်ပြီး အတွေးတွေကယောက်ယက် ခတ်လာသည်..။ ငယ့်လက်မှတ် ထိုးထားတဲ့ ကွာရှင်းစာချုပ်နှစ်ခု..

**နှစ်ယောက်စလုံးကို မလိုချင်နဲ့ ရိချန်းလား? ရိပေါ်လား?**

** ငယ့်ကိုသာ လွတ်လပ်ခွင့် ပေးလိုက်ပါ ကိုကို**

ကျိုးကြောင်း ဆီလျော်သော နားချသံများက သူ့ရင်ထဲမှာ ပဲ့တင်ထပ်လျက်..၊ ဒါပေမယ့် ရေရေရာရာ သူဘာမှမလုပ်နိုင်ခဲ့..၊ အရှုပ်တွေချည်းသာ တစ်ခု​ပြီးတစ်ခု လုပ်နေခဲ့သည်..။ ရင်ထဲမွန်းကျပ်လိုက်တာ ။

"တီ.. တီ..."

အချက်ပေးသံကြားမှ နာရီကိုနောက်တစ်ဖန်ကြည့်မိသည်..။ 12နာရီထိုးသွားပြီပဲ..အိမ်လေးကို ခပ်ဆွေးဆွေး စိုက်ကြည့်ရင်း ကားကို Back ဆုတ်လိုက်သည်..။

"Good night ရှောင်ငယ်.."

ရှောင်းကျန့် ကားလေးထွက်သွားပြီး မကြာခင်မှာပဲ ပြတင်းတံခါးကို ရိပေါ်ဆွဲဖွင့်လိုက်တယ်..။ မှောင်ကြီးမဲကြီးထဲမှာ ကားနောက်မီးလေးကိုသာ တစ်စိုက်မတ်မတ် ငေးကြည့်နေရင်း...

"Goodbye အစ်ကို.."

ထို့နောက် Hoddie ပွပွကြီးကို အကျီပေါ်မှ ကောက်စွပ်ရင်း ခြေလှမ်းတွေက အိမ်ကြီးအပြင်ဘက်ဆီသို့..၊ လမ်းအနည်းငယ်လျှောက်လျှင် Taxi များကိုတွေ့နိုင်ပြီ..၊ လေဆိပ်နဲ့ အနီးဆုံးHotel မှာ တစ်ညတည်းခိုရင်း ..အစ်ကို့ဘဝထဲက ကျွန်တော် အပြီးအပိုင် ထွက်သွားတော့မယ်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Tempat cerita menjadi hidup. Temukan sekarang