Chapter (37)

5.6K 530 64
                                    

## Unicode ##

Never....[[ ဘယ်သောအခါမှ......]]
"""""""""""""""""""""""""""""""""""""

7.ရက်အတွင်း အရာအားလုံးကို သတိရလာခြင်းရဲ့အဖြေက လက်ပတ်ကြိုးနီလေးတဲ့လား? အစ်ကိုက ဘာလို့ကျွန်တော့်အပေါ် ခုလိုလုပ်ရတာလဲ? ပေါင်းစက်လို့ မရတော့တယ့် ဘဝနှစ်ခုနဲ့ မရှိသင့်သော အမှတ်တရတွေကို အစ်ကိုရော ကျွန်တော်ရော မေ့လိုက်သင့်တယ်မဟုတ်လား?

Suitcase ထဲအဝတ်တွေ အလျင်တဆော ထိုးထည့် ရလောက်အောင်ပင် စိတ်တွေကမတည်ငြိမ်..၊ နောက်တစ်ပတ်ထိ မစောင့်နိုင်တော့ဘူး ခုချက်ချင်းပဲ ဒီအိမ်ကြီးက ထွက်သွားရမယ်..။ ဒါပေမဲ့ အိမ်မှာ Uncle နဲ့ မမ ရှိတယ်လေ ဘယ်နည်းနဲ့များ ခိုးထွက်ရမှာလဲ?

"ယဲ့ဖေး...Dr ယဲ့ဖေး ရှိနေတာပဲ ကျစ်! မဖြစ်သေးပါဘူး.."

တစ်ယောက်တည်း ယောက်ယက်ခတ်ကာ Suitcase ကို အခန်းထောင့်၌ ပြန်ထောင်လိုက်သည်..။ Phone နဲ့ Passport ကိုသာ ဘောင်းဘီအိပ်ကပ်ထဲ ထည့်ပြီး အခန်းထဲမှ ခပ်တည်တည်နဲ့ ထွက်လာလိုက်သည်..။

နေ့လည်စာ စားချိန်မို့ မီးဖိုချောင်ထဲက ချက်ပြုတ်နေသော မမနောက်ကျောလေးကို ဝိုးတဝါး လှမ်းမြင်နေရသည်..။ ဒီအချိန် စာဖတ်ခန်းထဲမှာ Uncle ရှိလိမ့်မည်..။

နှုတ်ဆတ်မနေတော့ဘူး..။ အားလုံးဘဝထဲကနေ ကျွန်တော်ကပဲ တိတ်ဆိတ်စွာနဲ့ ထွက်သွားပါရစေ..။ Baby လေးတို့ မွေးဖွားချိန်အထိ ဦးငယ် ရှိမနေနိုင်ပေးတာကို တောင်းပန်ပါတယ်..။ မပြတ်သားနိုင်တဲ့သူကို ပြတ်သားအောင် ဒီလိုလုပ်မှပဲ ရလိမ့်မယ်..။

တောင်းပန်ပါတယ် အစ်ကို...။
ကျွန်တော့်ကို ဒီလောင်းရိပ်က လွတ်မြောက်ခွင့်ပြုပါ..။

****

"မင်းကိုယ်မင်း လည်လှချည်ထင်နေလား? ဘာလို့ တိတိလေးနဲ့အတူ ဟန်ဆောင်နေတာလဲ? "

နားနေခန်းထိလာပြီး ေအာ်ကြီးဟစ်ကျယ် ရန်တွေ့နေသော ရှောင်းကျန့်ကိုကြည့်ရင်း ယဲ့ဖေးမှာ တုံ့ပြန်စကားတို့ ကင်းမဲ့ကုန်သည်..။ ရုပ်ပျက်လိုက်တာ..ရှောင်းကျန့်ဒီလိုဖြစ်တာ တစ်ခါမှမမြင်ဖူးပါဘူး..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now