Chapter (29)

5.2K 497 57
                                    

## UNICODE ##

Never.....[[ ဘယ်သောအခါမှ ]]
**//*******//*********//*******

"ရှောင်ငယ် မနက်ဖြန် မင်းမွေးနေ့ မဟုတ်လား?"

နက်တိုင် ချည်ပေးနေတယ့် ရိပေါ့်လက်အစုံဟာ ရပ်တန့်သွားပြီး အစ်ကို့ကိုမော့ကြည့်လိုက်မိတယ်..။ ဟုတ်တယ်..ကျွန်တော်တို့မောင်နှမနှစ်ယောက်ရဲ့ မွေးနေ့လေ ။

"အင်း..ကိုကိုကမှတ်မိနေတာပဲ.."

"ဘာလိုချင်လဲ?"

ကျွန်တော့် ခန္ဓာကိုယ်ကို ပြန်လိုချင်တယ်..။
ထိုစကားကို စိတ်ထဲကသာ ပြောလိုက်ပြီး လက်တွေ့တွင်တော့...

"ဟင့်အင်းလိုချင်တာ ထွေထွေထူးထူးမရှိဘူး ၊ ကိုကိုကရော အလုပ်အားလို့လား?"

သူ့ကို ရှောင်ကာလွဲကာလုပ်နေတယ့် မိန်းမငယ်လေးကိုကြည့်ပြီး ရှောင်းကျန့်တစ်ယောက် ကိုယ်ချင်းစာတတ်ခဲ့ပြီ..။

လွဲမှားနေတယ့် ကိစ္စများကို မှန်ကန်အောင်လုပ်ဖို့ နည်းလမ်းတွေ့သော်လည်း
ကျွန်တော် တွေဝေနေမိတယ်..။ စိတ်ထဲမှာ ဒွိဟဖြစ်နေတာအမှန်..။

စ တွေ့ခဲ့တာ တိတိ ဆိုပေမယ့် ...
ယုယမှုတွေနဲ့ ထွေးပွေ့ခဲ့တာက ငယ် ဟူသောမိန်းမငယ်လေးကို..။

ဘာဆက်လုပ်ရမလဲ?
ကျွန်တော် ဘာဆက်လုပ်ရမလဲ?

"ကိုကို...ဘာတွေငိုင်နေတာလဲ?"

လက်ဖဝါးပြင်ကို တင်းကျပ်စွာဆုပ်ကိုင်လာမှ အသိစိတ်တို့က အနည်းငယ်အလင်းရောက်လာသည်..။ ရွှေအိုရောင် ဆံပင်ဂုတ်ဝဲလေးကို ဖွပစ်လိုက်တော့ ငယ့် လိုမျိုးရုန်းကန်မနေပဲ ငြိမ်သက်စွာခံယူရင်း မျက်လုံးတွေကို မှိတ်ထားပေးပြန်သည်..။

အတော်ကြာမှ မျက်လုံးညိုများကို ဖွင့်ကြည့်ရင်း ကိုယ့်ကိုမော့ငေးလာသည်က မျက်ရည်များရစ်ဝိုင်းနေသလို အားငယ်မှုအပြည့်နှင့်..။

ဒါက...
သူ စွဲလန်းခဲ့ရတယ့် မျက်ဝန်းတွေ..
ငယ့်ဆီမှာ လုံးဝမတွေ့ခဲ့ရသော အားငယ်သောမျက်ဝန်းများ..။

တစ်လှပ်လှပ်ခုန်နေသော နှလုံးသားလေးက ရင်ဘတ်ထဲမှာ အောက်ဆီဂျင်ပြတ်လတ်နေသလိုပင်..၊ ရင်ဘတ်ကိုဖိကိုင်ရင်း အခန်းထဲမှ အမြန်ထွက်လာလိုက်ရသည်..။

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now