## Unicode##
Never......[[ ဘယ်သောအခါမှ ]]
****************************" ချန်းအာ က ဘာလို့သတိမရသေးတာလဲ?"
"အာ..မကြာခင်သတိရတော့မှာပါ Preesue ကျနေတဲ့အပြင် ကိုယ်ဝန်ပါ လွယ်ထားရတာလေ Sir ရဲ့ ဒါ့ကြောင့် လူကနည်းနည်း နုံးနေတာ.."
ရှောင်းမုချီ မျက်နှာကပြုံးရောင် သမ်းသွားပြီး ဆေးရုံဝတ်စုံအောက်က ရိချန်း ရဲ့ ဗိုက်သားပြေပြေလေးကို အကြည့်တစ်ချက်ဝေ့သည်..။ကိုယ်ဝန်ရှိနေတာ တကယ်ကြီးပဲလား? သိပ်ကို မဂ်လာရှိတဲ့ကိစ္စပဲ..။
ယဲ့ဖေး မှာ Sir ဖြစ်သူခြေထောက်တွေကိုကြည့်ရင်း အပျော်လွန်နေပုံရကာ..
"Sir က လမ်းပြန်လျှောက် နိုင်သွားပြီနော် ကျွန်တော်က နောက်လလောက်မှ ခုလိုကောင်းကောင်းမွန်မွန် လျှောက်နိုင်မယ်ထင်တာ ၊ ရိချန်းရဲ့ကိုယ်ဝန်က အစွမ်းထက်ဆေး ဖြစ်မယ်မှန်းမသိခဲ့ဘူး.."
ပေါက်ပေါက် ဖောက်နေတဲ့ ယဲ့ဖေးပုံစံက Sir တပည့်စကားပြောနေတာနဲ့ မတူပဲ မကြာခင် လည်ပင်းဖက်တော့မယ့် အလားအလာရှိနေသည်မို့ ရှောင်းမုချီမှာ ချောင်းတစ်ချက်ဟမ့်ရင်း..
"အင်း ဒါနဲ့ ရိပေါ်လေး အခြေအနေကရော.."
"ခြေထောက်ကတော့ အကြောသေသလိုဖြစ်သွားပေမဲ့ ကျိန်းသေ ပြန်ကောင်းနိုင်တယ် မယုံရင် Sirသွား စမ်းကြည့်ပါလား?ခုတာ့ ေရှာင်းကျန့်နဲ့ လမ်းလျှောက်ကျင့်နေမယ် ထင်တယ်.."
"နောက်မှသွားေတာ့မယ်..ခုတော့ ချန်းအာ ကိုခဏစောင့်ကြည့်လိုက်ဦးမယ်.."
ခေါင်းညိမ့် အသိအမှတ်ပြုရင်း ယဲ့ဖေးမှာအခန်းထဲက ထွက်လာလိုက်သည်..။ ရှောင်းကျန့်က ဘယ်လိုအစီအရင်တွေ လုပ်လိုက်လို့များ ဝိညာဥ်က ချက်ချင်းကြီး ရိပေါ့် ခန္ဓာကိုယ်ထဲ ပြန်ဝင်လာရတာလဲ?အဲ့လောက်အစွမ်းထက်ရင် Crush ကို အစီအရင်သုံးပြီး အရယူဦးမှပါ..။
****
ဒီနေ့ဆို ရိပေါ် သတိပြန်ရတာ သုံးရက်ခန့်ရှိပြီ..။ သို့ပေမဲ့ မမရော သူပါဆေးရုံက မဆင်းဖြစ်ကြသေး..၊ ကျန်းမာရေး ချူချာလာတဲ့ မမနဲ့ ကျွန်တော့် ခြေထောက်တွေကြောင့် ဆေးရုံမှာပိုနေဖို့ အကြောင်းဖန်လာခဲ့တယ်..။
YOU ARE READING
"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔
Fanfiction❗ ZhanYi ❗ [[ ZSWW ]] Fan fic ကဗျာမဆန်တယ့် အချစ်တေးသွားတစ်ပုဒ်ကို ကာရန်မညီပဲ ကျွန်တော်ဆိုခဲ့မိတယ်..။ (Xiao Zhan) လေနှင်ရာ လွင်မျောတဲ့ တိမ်တိုက်ငယ်တော့မဟုတ်ဘူး..။ သို့ပေမဲ့ လေနတ်သားက အစ်ကိုဆိုရင်တော့.. (Wang Yibo) ငယ် ရဲ့ ပျော်ရွှင်မှုဆိုတာ ချစ်တယ့်...