Chapter (32)

5K 534 70
                                    

##UNICODE ##

Never....[[ ဘယ်သောအခါမှ.....]]
*****************************

ယိုယွင်းနေသော ခြံကြီးအရှေ့မှာ ရပ်ထားတာကြာပြီဖြစ်တဲ့ ကား​​လေးတစ်စီး၊ ညဥ့်နက်လာတာနဲ့အမျှ ခွေးအူသံများကို ပိုမိုဆူညံလာသည်..။မှောင်ကြီးလမဲကြီးထဲမှာမို့ ပတ်ဝန်းကျင်က နည်းနည်းလေးမှ ကဗျာမဆန်ပေ..၊ အချိန်အားဖြင့် ည ၁၁နာရီထိုးခါနီးပြီ..။

"ရှောင်ငယ်...မင်းကြောက်နေလား?"

"ဟင့်အင်း ကျွန်တော်မကြောက်ဘူး ပျော်နေတာပါအစ်ကို.."

​အဖြူရောင် ဂါဝန်လေးနှင့်အပြိုင် ရိပေါ့်မျက်နှာဟာ ဖျော့တော့လို့နေတယ်..။ လက်ချောင်းများကို ကွေးလိုက် ဆန့်လိုက်လုပ်နေပုံက စတွေ့တုန်းကလို စိတ်လှုပ်ရှားလို့ထင်ပါရဲ့..။

ကိုယ့်ကိုကြည့်ပြီး ပြုံးပြလာတာက ပျော်နေလို့တဲ့..။ သူ့ကပဲ မလိမ်တတ်တော့လား? ကိုယ်ကပဲ ရှောင်ငယ့် မျက်ဝန်းတွေကို ဖတ်တတ်သွား တာလားတော့မသိ၊ လိမ်နေတာတော့သိနေသည်..။

"နောက်နေ့ကစပြီး မင်းပျော်ပျော်ရွှင်ရွှင် နေရမယ်နော်..ကြားလား?"

"အင်း ကျွန်တော်သိပါတယ်.."

မျက်တောင်ရှည်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရိပေါ်မှာ မျက်ရည်ကို ထိန်းသည်..။ ထုတ်ဖော် မပြောဖြစ်သော်လည်း ဒီအချိန်မှာ နာရီလက်တံ လည်ပတ်နေခြင်းကို ရှောင်းကျန့်မုန်းသည်..။ ဒါပေမယ့် ကိုယ်မှ တားဆီးမရတာကို..

ကားပေါ်ကဆင်းပြီး ထိုခြံထဲဝင်ရမှာကို သေမတတ် ကြောက်နေမိတာအမှန်..၊ တကယ်ဆို ငယ့် ကိုပြန်ရတော့မှာလေ အားရပါးရကြီးကို ပျော်သင့်တယ် မဟုတ်ဘူးလား?

ရိပေါ့် မှာစိတ်ကို ပြင်ဆင်လိုက်ပြီး Cushion ကို မှီထိုင်နေရာမှ ခန္ဓာကိုယ်ကို မတ်လိုက်သည်..။ အပြုံးတုတစ်ခု နှုတ်ခမ်းထက်ချိတ်ဆွဲလိုက်ပြီး..

"အစ်ကို ဝင်ကြရအောင်လေ! ၁၁ နာရီပဲကျော်နေပြီ.."

ဝင်ကြရအောင် တဲ့..
ဟင့်အင်း သူ ရှောင်ငယ်ကို စွန့်လွှတ်ရတော့မှာပေါ့.. ကားပေါ်က ဆင်းရန် ပြင်နေသော မိန်းမငယ်လေး လက်ကို ဆတ်ခနဲဖမ်းဆွဲလိုက်တော့..

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now