"Jen"
ကျောင်းထဲ ဝင်ခါနီး ခြေလှမ်းတွေက အနောက်က နူးနူးညံ့ညံ့ခေါ်သံတစ်ခုအောက်မှာ ရပ်တန့်သွားတယ်။ အနောက်ပြန်လှည့်မကြည့်ရသေးခင် နှလုံးသားက မြန်ဆန်စွာ ခုန်လာတယ်။
ဒီအသံက Jenအချိန်အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့အသံ။ ဘာလုပ်ရမလဲ ပြေးဖက်လိုက်သင့်လား ထွက်ပြေးသင့်လား ဆုံးဖြတ်မရခင် Oppaက အနားရောက်လာတယ်။ လောင်ကုတ်အရှည်ကြီးကို ဝတ်ထားပြီး ပါးသိုင်းမွှေးတွေ ထွက်နေပေမဲ့ Oppa
က အရင်လို ခန့်ညားချောမောနေဆဲ။"မတွေ့တာ ကြာပြီနော် နေကောင်းလား"
နေကောင်းလားလို့ မေးလာတဲ့ Oppa အသံတွေက ဖျော့တော့နေတယ်။မျက်လုံးတွေက ချောင်ကျပြီး ပင်ပန်းနေတဲ့ပုံ ။ ဒီရက်ပိုင်းတွေ အိပ်မပျော်ဘူး ထင်ပါရဲ့ ။
"ဟုတ် ကောင်းတယ်။ Oppaရော"
အသံတွေကို တုန်တုန်ရင်ရင်ဖြစ်မနေအောင် သတိထားပြီး ပြောနေရပေမဲ့ နှလုံးသားက အဆမတန်ခုန်နေဆဲ။
" ကိုယ်လည်း လူကတော့နေကောင်းပါတယ် ။ စိတ်ကတော့ဖျားနေလေရဲ့ "
စိတ်တွေက ဘာလို့ဖျားနေတာလဲ Jenမသိချင်တော့ မသိရဲ ။ ကတိတွေကို မစောင့်တည်နိုင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်က အပြစ်သား။
"အမေရိက က ဘယ်တုန်းက ပြန်ရောက်တာလဲ "
"မနေ့က မနေ့ကပဲ ပြန်ရောက်တာ။ ပြန်ရောက်ရောက်ချင်း Jen မင်္ဂလာဆောင်သွားပြီဆိုတဲ့ သတင်းကို ကြားရတော့ ဘယ်လောက်ထိ ရင်ကွဲရလဲသိလား "စကားလမ်းကြောင် လွဲတဲ့အနေနဲ့ အခြားတစ်ခုပြောင်းမေးလိုက်ပေမဲ့ မအောင်မြင်။ Oppa က နာနာကျင်ကျင်နဲ့ ဆက်ပြောလာတယ်။
"Jen တောင်းပန်ပါတယ်"
"ရပါတယ် ။ Jenမိသာစုအခက်အခဲတွေကြောင်း လက်ထပ်ခဲ့ရတယ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ် မင်းကို ခွင့်လွှတ်တယ် ။ အဲ့ဒါကြောင်း မင်း ကိုယ့်ဆီ ပြန်လာခဲ့ပေးပါလား "အသက်ရူသံတွေ ရပ်တန့်သွားသလို ပျံ့လွင့်ကုန်တဲ့ စိတ်တွေကို အမြန်ပြန်စုစည်းလိုက်ရ ။ ကိုယ်အကြာကြီး စောင့်မျှော်နေခဲ့ရပြီး ချစ်ခဲ့ရတဲ့သူ(အခုချိန်ထိ ချစ်နေရဆဲသူ ) ဖြစ်နေပေမဲ့ ပြန်တွဲဖို့ ပြန်တွဲဖို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်။
YOU ARE READING
🌟Polaris🌟
Fanfictionငါ့ရဲ့ အားနည်းချက်က မင်းဖြစ်နေတော့ လူတွေက ငါ့ကိုတိုက်ခိုက်လို့မရရင် မင်းကို ထိခိုက်ဖို့ပဲချောင်းနေကြတာ ငါကလည်း မင်းကလွဲ အရာရာကို စတေးပစ်နိုင်တာမျိုး 🌼 (Polaris က ကြယ်အများကြီးထဲက နာမည်တစ်ခုပါ)