နားရွက် နောက်ကို လေမှုတ်ပြီး နိုးနေတဲ့ Rubyကြောင်း Jisoo မျက်လုံး မဖွင့်သေးခင် မျက်နှာက ပြုံးဖြီးဖြီးဖြစ်နေပြီ။ ဒီအရူးမလေး ညက အပြင်ထွက်အိပ်ခိုင်းပြီး အခုမှ လာချော့နေတယ် ။
"ဒီလိုလေး လေမှုတ်နှိုးနေရုံနဲ့တော့ မထဘူးနော် အနမ်းပေးမှ ထမယ်။ အနမ်းပေး"
Jisoo မျက်လုံးကို ဆက်မှိတ်ထားပြီး ပြောနေခြင်းဖြစ်သည်။နားနောက်ကနေ လေမှုတ်ချော့ရုံနဲ့တော့ မကျေနပ်နိုင်။
"뽀뽀 ပေးလို့ 뽀뽀 ☹️"
"ဟားဟား ဟားဟား "
မျက်လုံးဖွင့်မကြည့်ပဲ နှုမ်းခမ်းကြီးထော်ပြီး 뽀뽀 တောင်းနေတဲ့ Jisoo Unnieကို ကြည့်ပြီး Chae ရယ်ချင် စိတ်ကို ထိန်းမရတော့ပဲ ခွက်ထိုးခွက်လန်း အော်ရယ် ပစ်လိုက်မိ အစက သူကို စပြီ ထွက်ပြေးဖို့ စဉ်းစားထားပေမဲ့ သူ့ရဲ့ ချွဲနေတဲ့ ကလေးရုပ်ကြီးကို ကြည့်ပြီး ရယ်ချင်စိတ်ကို ဘယ်လိုမှထိန်းမရ။
"Yah! Park Chaeyoung , နင် ငါ့ အခန်းထဲ ဘယ်လိုရောက်လာတာလဲ Ruby ရော "
" Jennie Unnieက အောက်မှာ မနက်စာပြင်နေတယ် Chae ကို အပေါ်မှာ Unnieကို သွားနှိုးပေးပါဆိုလို့ လာနိုးတာ ဟားဟား အခုမှပဲ ဘာလို့ လာနိုးခိုင်းလဲ သိတော့တယ် အခုလို ကလေးဆိုးကြီးက အနမ်းတွေ စွတ်တောင်းနေမှာဆိုလို့ကို လာလာ 뽀뽀ပေးမယ် ""yah! ထွက်သွား ငါ့အခန်းထဲက အခုချက်ချင်း "
"မထွက်နိုင်ပါဘူး ခုနက 뽀뽀တောင်းနေပြီး လာလာ ပေးမယ် "
"Yah! ပတ်ချယ်ယောင်း ဆက်စနေရင် ငါတစ်ကယ် ရိုက်မှာနော် "
"ဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီ မစတော့ဘူး "
"ပြီးတော့ ဒီအကြောင်းကို မေ့ပစ်လိုက် တစ်ယောက်ယောက်ကို ပြန်ပြောရဲပြောကြည့် အလုပ်ထုတ်ပစ်မယ် "
"Yes Boss "မျက်နှာပိုးမပြင်ပဲ ခပ်တည်တည်လုပ်ပြီး ပါးစပ်ပိတ်ပြနေတဲ့ Roséကို ဘာမှဆက်ပြောမနေတော့ပဲ ရေချိုးခန်းထဲသာ အမြန်ပြေးဝင်လိုက်ရ ။ ရှက်လို့သေပါပြီ ဆယ်နှစ်ကျော်နီးပါး စည်းကမ်းကြီးတဲ့ အချေရုပ်ပုံနဲ့နေလာခဲ့သမျှ အခုမှတစ်မနက်လေးနဲ့ အရှက်တွေ ဗြန်းဗြန်းကွဲ ။ Ruby... Ruby... ငါတော့ မင်းကို ချစ်လွန်းလို့ ရူးနေပြီ။
YOU ARE READING
🌟Polaris🌟
Fanfictionငါ့ရဲ့ အားနည်းချက်က မင်းဖြစ်နေတော့ လူတွေက ငါ့ကိုတိုက်ခိုက်လို့မရရင် မင်းကို ထိခိုက်ဖို့ပဲချောင်းနေကြတာ ငါကလည်း မင်းကလွဲ အရာရာကို စတေးပစ်နိုင်တာမျိုး 🌼 (Polaris က ကြယ်အများကြီးထဲက နာမည်တစ်ခုပါ)