"ပြန်လာပြီလား Unnie"
"အင်း Rubyရော အိပ်နေပြီလား"
"အိပ်နေပြီထင်တယ်။ အောက်ဆင်းမလာဘူး"
"ဟုတ်လား အဲ့ဒါဆို ကိုယ် အပေါ်သွားလိုက်ဦးမယ်နော်"
"ဟုတ် Chae ရော ပြန်တော့မယ်နော်"
"ဒီမှာမအိပ်ဘူးလား"
"မအိပ်တော့ဘူး Unnie , Joy တစ်ယောက်ထဲအဖော်မရှိလို့ သွားအိပ်ပေးမလို့"
"ဟုတ်ပါပြီး အားပြတ်တဲ့အထိ မလုပ်ကျနဲ့နော် မနက်အစည်းဝေးရှိတယ်"
"yah! Unnie ! "
"ဟားဟား စတာ စတာ ဆိုင်ကယ်ဖြည်းဖြည်းမောင်းသွားဦး"Rosé ဆိုင်ကယ်မောင်းပြီး ထွက်သွားတော့မှ အိမ်တံခါးတွေပိတ်ပြီး အပေါ်တက်ဖို့ပြင်ရသည်။
အခန်းတံခါးကို ဖြည်းဖြည်းလေးဖွင့်ဝင်လိုက်ပြီး ကုတင်ပေါ်မှာ ခွေခွေလေး အိပ်ပျော်နေတဲ့ Ruby ဘေးနားသွားဝင်အိပ်ပြီး အနောက်ကနေ ဖက်ရင်း ကိုယ်သင်းရနံ့လေးကို နမ်းရှိုက်လိုက်တော့ တစ်နေကုန် စိတ်တိုထားရသမျှက မြူမှုန်လို လွင့်စက်ကုန်တယ်။
"ချစ်တယ် Ruby , ကိုယ်မင်းကို ဘယ်လောက်ထိတောင် ချစ်လဲဆိုတာ ဒီနေ့မှ အလိုလိုနားလည်းသဘောပေါက်ခဲ့တာ။ ငယ်ငယ်ထဲက ချစ်ခြင်းမေတ္တာနဲ့ ဝေးကွာခဲ့ရသူမို့ အချစ်ကို အယုံကြည်မရှိခဲ့ပေမဲ့ မင်းကိုတော့ တစ်ကယ် မြတ်မြတ်နိုးနိုးချစ်မိသွားတာ။ မင်းနဲ့တွေ့မှ ချစ်ခြင်းမေတ္တာကို ယုံကြည်သွားခဲ့ပါပြီပေါ့"
Rubyမကြားနိုင်မှန်းသိပေမဲ့ ဖွင့်ပြောနေမိခြင်းဖြစ်တယ်။ တစ်ကယ်Rubyရှေ့မှာ ဒီစကားတွေပြောရမယ်ဆိုရင် ပြောထွက်မှာမဟုတ်။
***
" နှမ်းဆီထည့်ပြီးရင် အသားထည့်ရမှာလား အသားကျက်ရင် ကြက်သွန်မြိတ်နဲ့ကင်မ်ချီညှပ်ထည့် ပြီးတော့ Sauceထည့် ပြီးတော့ ပြီးတော့ ဘာထည့်ရမှာလဲ အဓိကဟာ အဓိကဟာ ဘာလိုတာလဲ ဒီလိုကြီးတော့မဟုတ်ပါဘူး "
"အင်း အဲ့လိုကြီးတော့ မဟုတ်ဘူး ဘာလိုတာလဲ Joyကို မေးလိုက်ဦးမယ်"
"ထမင်း ထမင်းလိုနေတာ ဘယ်နှယ့် ကင်မ်ချီထမင်းကြော်လုပ်ပြီး ထမင်းမထည့်ပဲ ဘာလိုလဲ စဉ်းစားနေကြ🤦"
"ဟုတ် ဟုတ်တယ်လေ Unnieရ ထမင်းထည့်ပြီးပြီးထင်နေတာ မထည့်ပဲနဲ့ "
"Yah! နင့်ကိုမေးတယ်လေ ငါစလုပ်ထဲက နင်ကြည့်နေပြီးတော့"
"ဟီး Unnieကလည်း ဖုန်းထဲကနေသေချာမှမမြင်ရတာ"
"အ!"
"ဘာဖြစ်တာလဲ အပူလောင်သွားပြီးမလား အဲ့ဒါမလုပ်တက်ပဲနဲ့ ဘာလို့မီးဖိုးချောင်းထဲဝင်ချင်ရတာလဲ။ ကင်မ်ချီထမင်းကြော် ကျွေးချင်လည်း ဟိုတယ်က မှာကျွေးလို့ရတာကို ။ အခုဆက်မလုပ်နဲ့တော့ သွား ဆေးလိမ်းပြီးထိုင်နေ။Chae ဟိုတယ်ကို ဖုန်းဆက်ပြီး ထမင်းကြော် လာပို့ခိုင်းလိုက်မယ်"
"yah!yah ! နင် အကြီးလား ငါအကြီးလား ဒီလောက်လေးနဲ့ ဘာမှမဖြစ်ဘူး။ ဟိုတယ်ကလည်း မမှာနဲ့ ငါကိုယ်တိုင် အပင်ပန်းခံပြီး လုပ်ကျွေးချင်လို့ ။ နောက်ဆုံးမှာ နှမ်းဖြူးပြီး ရေညှိညှပ် ကြက်ဥကြော်တင်လိုက်ရင် ပြီးပြီမလား ရပြီ။ ဖုန်းချလိုက်တော့မယ်"
YOU ARE READING
🌟Polaris🌟
Fanfictionငါ့ရဲ့ အားနည်းချက်က မင်းဖြစ်နေတော့ လူတွေက ငါ့ကိုတိုက်ခိုက်လို့မရရင် မင်းကို ထိခိုက်ဖို့ပဲချောင်းနေကြတာ ငါကလည်း မင်းကလွဲ အရာရာကို စတေးပစ်နိုင်တာမျိုး 🌼 (Polaris က ကြယ်အများကြီးထဲက နာမည်တစ်ခုပါ)