"Lili , Lili yah ... ဒီမှာ Leo ငါ့မုန့်တွေ လုစားနေတယ်"
"နည်းနည်းချကျွေးလိုက်ရင် သူ မလုစားတော့ပါဘူး Chuရဲ့ နည်းနည်းချကျွေးလိုက် "
"အား မကျွေးချင်ပါဘူး ။ Chuစားဖို့ Liliဝယ်လာပေးတာကို သူ့ဟာမှမဟုတ်တာ မကျွေးဘူး သူ့ဘာသာ စားချင်သွားဝယ်စားလိမ့်မယ်"
"ခွီး ..အဟက် အဟွတ်"Lisa ,ရေသောက်နေရင်း Chuနောက်ဆုံးပြောလိုက်တဲ့စကားကြောင့် ရယ်ချင်စိတ်ကို ထိန်းမရတော့ပဲ ရေတွေပြန်သီးသွားခြင်းဖြစ်သည်။ သေပါပြီ ကြည့်ပါဦး ကြောင်နဲ့တုပြီး ရန်ဖြစ်နေယုံမက ကြောင်ကိုတောင် ဈေးဝယ်ထွက်ခိုင်းနေတယ်။ ဒီအရူးမပေါက်စသေးသေးလေးကို ချစ်လို့ရူးတော့မှာပဲ ။ Chuကို Lisa လွန်ခဲ့တဲ့တစ်နှစ်က Nakdong မြစ်ကမ်းနားက တွေ့လာခဲ့ခြင်းဖြစ်သည်။(Nakdongမြစ်က ဆိုးလ်နဲ့ ဘူဆန်ကို ဆက်သွယ်ပေးထားတဲ့မြစ်ပါ။ ဟန်မြစ်ကနေ Nakdongမြစ်ကိုရောက်သွားတာက အဲ့ညကBobbyက ဟန်မြစ်ကမ်းနားမှာSooကိုဖမ်းခဲ့ပြီး ဘူဆန်ထွက်ပြေးဖို့လုပ်ရင်းNakdongမြစ်ထဲမှာ Sooကိုပစ်ချခဲ့တာပါ ဒါကဘယ်လိုဖြစ်ပြီးNakdongမြစ်ထဲရောက်သွားလဲလို့ တွေးစရာဖြစ်နေမှာဆိုးလို့ စာရေးသူရှင်းပြတာပါ) အဲ့နေ့က Lisa ဓာတ်ပုံပြိုင်ပွဲအတွက် Nakdong မြစ်ဘေးနား ဓာတ်ပုံသွားရိုက်ရင် ကမ်းစပ်နားမှာ ဒဏ်ရာတွေလဲ သတိလစ်နေတဲ့ သူမကိုတွေ့ခဲ့တာ ။ အစကအမှုပတ်မှာစိုးလို့ ထားခဲ့ဖို့ စဉ်းစားလိုက်ပေမဲ့ သူ့ရဲ့အသဲပုံနှုတ်ခမ်းလေးတွေကြောင်း လွန်ခဲ့တဲ့ နှစ်နှစ်က ဘန်ကောက်မှာ အမှတ်တမဲ့ဆုံပြီး Lisaသဘောကျခဲ့ရတဲ့ နေ့တိုင်း တမ်းတသတိရနေခဲ့ရတဲ့ အမျိုးသမီးဖြစ်နေမှန်း သိခဲ့ရတာ ။ အဲ့ဒါကြောင်း ဘာတွေပဲဖြစ်ဖြစ် ဒီအမျိုးသမီးကို ကယ်ဖို့ Lisaဆုံးဖြတ်ခဲ့တာ။ ရဲစခန်းကိုလည်း သွားအကြောင်းမကြားဖြစ်ခဲ့ တစ်ကယ်လို့ မကောင်းတာတစ်ခုခုနဲ့ ပတ်သတ်နေရင် သူမဒုက္ခရောက်သွားနိုင်တယ်လေ။အဲ့ဒါကြောင့် ကယ်ပြီး သတိပြန်ရတော့မှ သူ့နေရာကို ပြန်လိုက်ပို့ပေးဖို့ စီစဉ်ခဲ့တာ။ ဒါပေမဲ့ ပြန်သတိရလာတဲ့ သူမက သူ့ရဲ့အကြောင်းတွေ တစ်ခုမှ မှတ်မိမနေ ။အဲ့ဒါနဲ့ အုပ်ချုပ်ရေးမှုးရဲ့ သမီး၊ Lisaရဲ့ သူငယ်ချင်း Yeri နဲ့တိုင်ပင်ပြီ Chuကို ဒီနေရာမှာ ခေါ်ထားခဲ့ခြင်းဖြစ်သည်။ အကောင်သေးသေး ချစ်စရာလေးမလို့ Pikachuနဲ့ တူတာကြောင်း chuလို့အလွယ်မှတ်ပြီး ခေါ်ခဲ့ကြခြင်းဖြစ်သည်။အခုတော့ Chu က Lisaရဲ့ဘဝ Lisaရဲ့ ပျော်ရွှင်ခြင်းလေး။
YOU ARE READING
🌟Polaris🌟
Fanfictionငါ့ရဲ့ အားနည်းချက်က မင်းဖြစ်နေတော့ လူတွေက ငါ့ကိုတိုက်ခိုက်လို့မရရင် မင်းကို ထိခိုက်ဖို့ပဲချောင်းနေကြတာ ငါကလည်း မင်းကလွဲ အရာရာကို စတေးပစ်နိုင်တာမျိုး 🌼 (Polaris က ကြယ်အများကြီးထဲက နာမည်တစ်ခုပါ)