Part 9

2.4K 240 12
                                    

"Ruby ... ကိုယ် မနက်ဖြန်အလုပ် ပြန်သွားရမယ် "
"အင်း သွားပေါ့ ။ ဘယ်သူက မသွားခိုင်းလို့လဲ "

ကြည့် ဒီဘု့ဂလန့်မလေးဟာလေး စကားပြောရင် ဘယ်တော့မှ ကောင်းကောင်း ပြန်မပြော ။

"မဟုတ်ဘူးလေ ကိုယ်သွားရင် မင်း တစ်ယောက်ထဲ အိမ်မှာပျင်းကျန်ခဲ့မှာစိုးလို့ "

"မပျင်းပါဘူး ။ ရှင် ရှိနေတာကမှ ပိုအနှောင့်ယှက်ဖြစ်တာ စာအုပ်ဖတ်ပြရ ပုံပြင်ပြောပြရနဲ့ TVတောင် အေးဆေးမကြည့်ရဘူး "

ဘယ်ချိန်ကလဲဆိုတာ စသတိမထားမိခင်မှာပဲ Jisooက Rubyနဲ့ ပတ်သက်ရင် မျက်ရည်လွယ်တက်‌လာတယ်။ အခုလည်းကြည့် Rubyက ဒီတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာကို ရင်ထဲမှာ နေလို့မကောင်းတော့ ။ ညနေက Chae ပြောသွားတဲ့ မကောင်းတဲ့စကားတွေကို နားထောင်တုန်းကတောင် ဝမ်းမနည်းခဲ့တာ အခု ဘာမှမဟုတ်တာလေးနဲ့ကျမှ ဝမ်းနည်းသွား ။

Jen သူ့ပေါ်စိတ်ခံစားချက် ရှိနေတယ်လို့ မထင်စေချင်တာကြောင်း စိတ်ထဲပေါ်ရာကောက်ပြောလိုက်ပေမဲ့ သူငြိမ်ကျသွားတာမလို့ စိတ်မကောင်းဖြစ်သွားမှန်း Jenသိသည်။ တစ်ကယ်တော့ Jenလည်း ဘာဖြစ်မှန်းမသိ သူ အလုပ်ပြန်ဆင်းတော့မယ်လို့ ပြောတော့ ဝမ်းနည်းသွားမိတာအမှန် ဒါပေမဲ့ အဲ့ဒီစိတ်ကို သူသိသွားမှာစိုးသည်။

*******
"Ruby, အလုပ်သွားပြီနော်....ဒီနေ့ အိမ်မှာ တစ်ယောက်ထဲကောင်းကောင်းမွန်မွန် အနားယူလို့ ရအောင် ကိုယ် မနက်စာ လုပ်ပေးခဲ့တယ် ဒီတစ်ခါတော့ အရင်လိုမဖြစ်အောင် ရိုးရိုးထမင်းပဲ ကြော်ပေးခဲ့တယ်။ နေ့ခင်း ပျင်းရင် အမေတို့အိမ် သွားလည်လို့ ရတယ်နော် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ရှောပင်ထွက်ပေါ့ "

Jen စာပွဲးခုံပေါ်တင်ထားတဲ့ မှာတမ်းစာရွက်ကိုဖတ်ရင်း ပြုံးစိစိဖြစ်နေမိ ။ ဒီ Kim Jisooဟာလေ တစ်ကယ် နားလည်ရခက်တဲ့ အမျိုးသမီးပဲ။ ဖုန်းဆက်လည်း ရတာကို စာရွက်နဲ့ မှာတမ်းချန်ခဲ့ရသေး ။ အရင်လို မဖြစ်အောင် ရိုးရိုးပဲ ကြော်ခဲ့တဲ့ ထမင်းကြော်က ဆီတွေအများကြီးနဲ့ ။ နောက်တစ်ခါကျ မနက်စာလုပ်ပေးချင်ရင် ထမင်းအပူပဲ ဒီတိုင်း ချက်ပေးသွားပါ ပြန်မကြော်သွားပါနဲ့လို့ မှာထားရမယ်။

🌟Polaris🌟Where stories live. Discover now