"အား ... မသွားချင်ဘူး မသွားချင်ဘူး အရင်ပတ်ကမှသွားထားတာကို"
"မဟုတ်ဘူးလေ chuuရဲ့ အခုက နောက်ဆုံးပြမှာ ဒီတစ်ခါနောက်ဆုံးပဲ ဒီတစ်ခါပြပြီရင် ဘယ်တော့မှထပ်မပြတော့ဘူး Liliကို ယုံတယ်မလား"ဟုတ်တယ် ဒီတစ်ခါနောက်ဆုံးပြမှာ Chuuကို အတိတ်တွေပြန်မှတ်မိအောင်မလုပ်တော့ ဒီတိုင်းလေးပဲ Liliနားမှာ ခေါ်ထားမယ်။ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်သွားမလား မသိပေမဲ့ လူပဲလေ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်ကြတာပေါ့ မဟုတ်ဘူးလား ။ အချစ်နဲ့ ပတ်သက်ရင် ဘယ်သူကမှ တရားမမျှတကြတော့ဘူးလေ ။
***
"Aww ... Lisa တို့ လာ လာ သမီးတို့ကို စောင့်နေတယ် "
"Chuကို ဆေးခန်းလာဖို့ မနည်းချော့ခေါ်နေရတာနဲ့ ကြာသွားတာ ဆရာရေ""Ji... Jisoo"
Lisaဆိုတဲ့ အရပ်ရှည်ရှည်ကောင်မလေးအနောက်က နှုတ်ခမ်းလေးစူပုတ်ပြီး ထွက်လာတဲ့ ကောင်မလေး ။ Jisooလား ။ ဟုတ်တယ် Kim Jisooမှ Kim Jisooအစစ်။ ရုတ်တရပ် ဗြောင်းဆန်ပြီးတက်လာတဲ့ ခံစားမှုအစုံ အံ့ဩစိတ်တို့နဲ့အတူ Jen ထိုကောင်မလေးကို အားရဝမ်းသာ Kim Jisooလို့ခေါ်ပြီး ပြေးဖက်ငိုလိုက်ချင်ပေမဲ့ တစ်ကယ်တမ်း Jen အသံလည်းထွက်မရသလို နေရာကလည်း မရွေ့နိုင်။ ကမ္ဘာကြီးနဲ့အဆက်သွယ်ပြတ်သွားတဲ့ သူတစ်ယောက်လို Jisooကလွဲ ကျန်တာဘာကိုမမြင်နိုင် မကြားနိုင်။
"Jennie ... Jennie "
"အ.. ဟုတ် "ဆရာက ထိုင်နေရာမှ ဘယ်ချိန် Jenနားရောက်လာလည်း မသိ။ လက်ကိုပုတ်ပြီး အသံကျယ်ကျယ် ခေါ်လိုက်မှ Jen လက်ရှိကမ္ဘာထဲ ပြန်ရောက်လာ ။
" ဒါ ဆရာခုနကပြောပြတဲ့တစ်ယောက်လေ အတိတ်မေ့နေတာ ဆရာဆီမှာ ကုနေတာ တစ်နှစ်လောက်ရှိပြီ "
Chuကို မြင်လိုက်တာနဲ့ ပါးစပ်အဟောင်းသားနဲ့ မှင်တက်နေတဲ့အမျိုးသမီး ။ ဘာစကားတစ်ခွန်းမှပြောမလာပေမဲ့ သူ့မျက်လုံးထဲမှာ ခံစားချက်တွေများစွာ ။ သူက chuကို သိနေတဲ့ သူလား ။ Chu ရဲ့ ပိုင်ရှင်လား ? မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့ ...
"သူ ... သူ့ကို ကျွန်မသိတယ် ဆရာ ၊ သူက ကျွန်မရဲ့ အမျိုးသမီး "
YOU ARE READING
🌟Polaris🌟
Fanfictionငါ့ရဲ့ အားနည်းချက်က မင်းဖြစ်နေတော့ လူတွေက ငါ့ကိုတိုက်ခိုက်လို့မရရင် မင်းကို ထိခိုက်ဖို့ပဲချောင်းနေကြတာ ငါကလည်း မင်းကလွဲ အရာရာကို စတေးပစ်နိုင်တာမျိုး 🌼 (Polaris က ကြယ်အများကြီးထဲက နာမည်တစ်ခုပါ)