Part 14

2.3K 231 10
                                    

"အမေ့ "
"ဟင် သမီးဘာဖြစ်လာတာလဲ ဘာလို့ညကြီးမိုးချုပ်အထုတ်တွေနဲ့ ပြန်လာတာလဲ "

Jen အိမ်ပြန်ရောက်ရောက်ချင်း ဘာကိုမှ ပြောမပြနိုင်သေးပဲ မေမေ့ကို ဖက်ပြီသာ ရှိုက်ကြီးတငင်ငိုနေမိသည်။ Kim Jisooလုပ်ရက်တွေကို အမေတို့ကို ပြောပြလို့မဖြစ်သေး ။ သမီးကိုချစ်လွန်းတဲ့ ဖေဖေသာ ဒီကြောင်းတွေ သိရင် ဘယ်လောက်ရင်နာသွားလိုက်လိမ့်မယ်။ပြီးတော့ မောင်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးသမား ဆိုတဲ့ နာမည်တစ်ခုရသွားခဲ့တာ သူ့ကြောင်းဆိုတာသာ သိရင် သည်းခံနိုင်လိမ့်မည် မဟုတ်။

"ငိုပဲမနေပဲ ဘာတွေဖြစ်လာတာလဲဆိုတာ အဖေတို့ကို ရှင်းပြပါဦး သမီးရယ် Kim Jisooနဲ့ ရန်ဖြစ်လာတာလား"

"မမ, Jisoo Unnieက အရမ်းကောင်းတာ နင် နင့်ဘာသာ စိတ်ကောက်ပြီး ဆင်းလာတာမလား "

"အငယ်ကောင် တိတ်စမ်း , သွား စာသွားကျက် ဒီမှာကိုယ့်အစ်မ ငိုနေတာကို ဝင်စမနေနဲ့ "

"မေမေ မနက်ဖြန်ကျ သမီးတို့ ဒီအိမ်က ထွက်သွားကြရအောင် သမီး Kim Jisooနဲ့ ကွာရှင်းတော့မယ် "
"ဒီအိမ်က ထွက်သွားရင် ဘယ်မှာသွားနေမလဲ သမီးရယ် ပြီးတော့ သမီး အခု ဘာတွေဖြစ်လာလို့ ကွာရှင်းမဲ့အထိ ဖြစ်ရတာလဲ မေမေတို့ကိုလည်း အကျိုးသင့်အကြောင်းသင့် ပြောပြပါဦး"
"အရင် အိမ်မှာပြန်နေမယ်လေ သမီးလည်း နောက်လကစပြီး ဆေးရုံးမှာ အလုပ်ဝင်လုပ်လို့ရနေပြီဆိုတော့ သမီးအမေတို့ကို ပြန်လုပ်ကျွေးပါမယ် "

"တီးလ် တီးလ် "

" မမ Jisoo Unnieရဲ့ ညီမ လာတယ် "
"ငါထွက်မတွေ့ချင်ဘူး အငယ်ကောင် သူ့ကို ပြန်လွှတ်လိုက် "
"ပြန်လွှတ်လို့မရဘူး မမလူက စကားနား‌မထောင်ဘူး ပေကပ်ရပ်နေတယ် မမပဲသွားပြောလိုက်"

*

"Chae , နင်ဘာလာလုပ်တာလဲ ? Kim Jisooအကြောင်း ပြောမှာဆို ပြန်လိုက်တော့ ငါ အခုချိန် သူ့နာမည်တောင် မကြားချင်ဘူး"
" Unnie စိတ်ဆိုးနေမယ်ဆိုတာ သိပါတယ် ဒါပေမဲ့ Jisoo Unnieကို မမုန်းပါနဲ့ သူ အဲ့လိုတွေ လုပ်ခဲ့တယ်ဆိုတာ Unnieကို အရမ်းချစ်လို့ပါ "
"အဟက် ... အဲ့ဒါအချစ်မဟုတ်ဘူး Chaeရဲ့ တစ်ကိုယ်ကောင်းဆန်တာလို့ ခေါ်တယ် သူကသူဖြစ်ချင်တာပဲ သိပြီ ဘယ်သူတွေ ဘာဖြစ်သွားမလဲ ထည့်မတွက်တဲ့လူမျိုးပဲ ကျန်တာတွေ ခွင့်လွှတ်နိုင်ရင်တောင် လူတစ်ယောက်ကို အလွယ်လေးရက်ရက်စက်စက် သတ်ပစ်နိုင်တဲ့ လူတစ်ယောက်နားကို ငါဘယ်လိုမှ ပြန်မသွားနိုင်ဘူး Chae"
"Jisoo Unnieက အခုချိန်ထိ လူကောင်းတစ်ယောက်ကိုမှ မသတ်ခဲ့ဖူးသေးဘူးဆိုတာကိုတော့ ယုံပေးပါUnnie "
" လူ့အသက်အများကြီးကို ကယ်နိုင်တဲ့ ပါမောက္ခတစ်ယောက်ကို သူ့ရည်းစားဟောင်းနဲ့ စကားရပ်ပြောမိယုံလေးနဲ့ ရက်ရက်စက်စက် သတ်ပစ်ခဲ့တာကရော Chae !, အဲ့ဒါကရော "
"မဟုတ်ဘူး Unnie , သူက အပြစ်ကင်းတဲ့ဆရာဝန်တစ်ယောက်မဟုတ်ဘူး ။ အဲ့နေ့က သူ့ကို Jisoo Unnieမသတ်ခဲ့ရင်တောင် သူက အသတ်ခံရမှာပဲ သတင်းမှာ ပါတဲ့ကိစ္စတွေအကုန်လုံးက အမှန်တွေပဲဆိုတာ Unnieလည်း သိမှာပါ ။ Jisoo Unnieက အပြစ်မရှိတဲ့လူရဲ့ လက်ကို သွေးမစွန်းစေချင်လို့ သူကသတ်ပေးပြီး အဲ့လူကို အဖမ်းခံခိုင်းခဲ့တာပါ" (ဒီနားမှာ ဖတ်ရတာရှုပ်သွားရင် အပိုင်း ၆ကို တစ်ချက်လောက်ပြန်ဖတ်ကြည့်လိုက်နော် ကိုယ်လည်းရေးရင်းနဲ့ရှုပ်သွား😑)
"တော်ပြီးChae , အခုချိန်မှာ ငါဘာကိုမှ ထပ်မကြားချင်တော့ဘူး ။ နင်လည်းပြန်တော့ "
"Unnie အခုချိန်အရာရာကို လက်ခံနိုင်ဖို့ ခက်နေမယ် စိတ်ရှုပ်နေမယ်ဆိုတာ သိပါတယ် ဒါပေမဲ့ အခုချက်ချင်းကြီး Jisoo Unnieနဲ့ လမ်းခွဲမဆုံးဖြတ်ပါနဲ့‌ဦးနော် Unnieသာ ထားသွားရင် သူဘဝပျက်သွားလိမ့်မယ် "

🌟Polaris🌟Donde viven las historias. Descúbrelo ahora