"အဆင်ပြေရဲ့လား Unnie "
"အင်း ရတယ် ဘာမှမဖြစ်ဘူး"ဘာမှမဖြစ်ဘူးလို့ ပြောနေပေမဲ့ မျက်နှာနုနုဖွေးဖွေးလေးက တစ်ခြမ်းလုံး ရဲတက်နေတာမလို့ Chae ရင်ထဲမခံနိုင်။Unnieအဖေ ဖြစ်နေလို့သာပေါ့ Unnieအဖေသာ မဟုတ်ရင် အဲ့နေရာမှာတင် အဲ့လူမျက်နှာ ရှစ်စိတ်ကွဲအောင် ပြန်ထိုးပြီးပြီ။
"တောက်စ် , Unnieရာ ဘာလို့ သည်းခံနေလိုက်တာလဲ တစ်ခါထဲ ဝင်လာထဲက တန်းမောင်းထုတ်လိုက်ရမှာ "
"မောင်းထုတ်လိုက်ရင် သူတို့အကြံတွေ သိရတော့မှာ မဟုတ်ဘူးပေါ့ Chaeရဲ့ အခုတော့ သူတို့ဘာလိုချင်လဲဆိုတာ သိသွားတော့ ကိုယ်ပိုပြီး သတိထားလို့ရတာပေါ့ စိတ်တိုမနေနဲ့တော့ ကိုယ် ပြန်တော့မယ် အစည်းဝေကို Chaeပဲ လုပ်လိုက်တော့ "ပြောပြောဆိုဆို ထွက်သွားတဲ့ Unnie ကျောပြင်ကိုငေးကြည့်ရင်း chaeသက်ပြင်းတစ်ချက်ခပ်ဖွဖွချလိုက်မိ။ဒီအခြေနေရောက်ဖို့ Unnie ဘယ်လောက်ထိ ကြိုးစားရပ်တည်ခဲ့ရလဲဆိုတာ chaeအသိဆုံး။ သူစိမ်းတစ်ယောက်ကိုသာ လွယ်လွယ်ကူကူ ရက်စက်ရင်ရက်စက်နိုင်မယ် သွေးသားအရင်းတစ်ယောက်ကိုတော့ Unnieရက်စက်နိုင်မှာ မဟုတ်။ Unnieရှေ့ဆက် ဘယ်လိုရင်ဆိုင်သွားမှာလဲ။ တစ်ခါတစ်လေ မိဘမဲ့ဖြစ်နေတဲ့ ကိုယ့်ဘဝကို ကိုယ် သိမ်ငယ်ပေမဲ့ ဒီလိုအဖေမျိုးမရှိတဲ့ ဘဝကမှ အများကြီးပိုကောင်းနေသေးတယ်။
*********
"ရှင် အလုပ်ကအစောကြီးပြန်လာတာလား "
"အင်း "
"ဟင် ရှင့်မျက်နှာက ဘာဖြစ်တာလဲ"
"ဟိုဟာ ချော်လဲလာတာ"
"ချော်လဲတာက ဘယ်လိုဖြစ်လို့ မျက်နှာကို ထိတဲ့အထိဖြစ်ရတာလဲ။ လာ လာ ဆေးထည့်ပေးမယ် "မျက်နှာပေါ်မှာ သိသိသာသာ လက်ရာကြီးထင်ပြီး ရဲတက်နေတာမလို့ ဒါက ဘယ်လိုမှချော်လဲတာမဖြစ်နိုင် ။ ရန်ဖြစ်ရအောင်လည်း သူ့အနေထားနဲ့ ဘယ်လိုမှမဖြစ်နိုင်။ ဒါဆို ဒီဒဏ်ရာက ဘယ်လိုဖြစ်ပြီရလာတာလဲ။ မျက်နှာနုနုနုလေးမှာ မြင်မကောင်း။
"အ , စပ်တယ်"
"sorry ,နှုတ်ခမ်းက ကွဲသွားတော့ အရက်ပျံဝင်ပြီး စပ်သွားတာ "ဆေးနဲ့အရက်ပျံစွတ်ထားတဲ့ ဂွမ်းစလေးကို နှုတ်ခမ်းနားအသာထိလိုက် စပ်မှာစိုးလို့ မှုတ်ပေးလိုက်နဲ့ လုပ်နေတဲ့ ပေါက်စလေးက ကိုယ့်အန္တာရယ် ကိုယ်မြင်ပုံမရ ။ ကိုယ့်မှာ သူလုပ်နေတာကို ငြိမ်ခံရင်း ရင်ခုန်သံတွေကပုံမှန်မဟုတ် ဒီတိုင်းသာ ဆက်လုပ်နေရင်း ဆွဲနမ်းမိတော့မှာပဲ။
BẠN ĐANG ĐỌC
🌟Polaris🌟
Fanfictionငါ့ရဲ့ အားနည်းချက်က မင်းဖြစ်နေတော့ လူတွေက ငါ့ကိုတိုက်ခိုက်လို့မရရင် မင်းကို ထိခိုက်ဖို့ပဲချောင်းနေကြတာ ငါကလည်း မင်းကလွဲ အရာရာကို စတေးပစ်နိုင်တာမျိုး 🌼 (Polaris က ကြယ်အများကြီးထဲက နာမည်တစ်ခုပါ)