Yang Hyun-suk ကုမ္ပဏီက ပြန်ထွက်လာတော့ မိုးအတော်ချုပ်နေပြီဆိုပေမဲ့ Jisooအိမ်လည်း မပြန်ချင်သေး။မွန်းကျပ်နေတဲ့ စိတ်တွေ ပြေလို့ပြေညား ဘီယာတစ်ချို့ဝယ်ပြီး ဟန်မြစ်ကမ်းဘေးဆီကိုပဲ ကားမောင်းလာခဲ့လိုက်သည်။ အရင်က စိတ်အဆင်မပြေတဲ့အခါ Ruby ဆီကိုပဲပြေးသွားနေကြဆိုပေမဲ့ အခုတော့ Rubyဆီမပြန်ချင်သေး။ အခုချိန်အိမ်ပြန်သွားရင် Rubyရှေ့မှာ Jisooပြိုလဲမိသွားလိမ့်မယ်ထင်တယ်။ Ruby ကို Jisoo ကာကွယ်မပေးနိုင်မှာ စိုးတယ်။ ဒီအကောင်ပေါက်လေးသာ တစ်ခုခုဖြစ်ရင် Jisooရင်ကျိုးမှာ ။
"သမီး ဘာပဲဖြစ်ဖြစ်Daddyကိုမမုန်းရဘူးနော် Daddy ဟာ ဘာကြီးပဲဖြစ်နေဖြစ်နေ သမီးကို လူဖြစ်စေခဲ့တဲ့သူမလို့ သမီးကတော့ သူ့ကို ပြန်စော်ကား လို့မရဘူးနော် သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ် သူ့အပြစ်ကနေ သမီးအပြစ်ဖြစ်သွားလို့မရဘူး "
ဘီယာသောက်ရင်း မျက်စိမှိတ်လိုက်တော့ နားထဲမေမေ့ စကားသံက တိုးဝင်လာတယ်။ ဒါ မေမေမဆုံးခင်တုန်းက Jisooကို နောက်ဆုံး မှာခဲ့တဲ့စကား ။
"ဟူး .... မေမေ သမီးဘာလုပ်သင့်လဲ သမီး ဘယ်လိုဆက်လုပ်ရမှာလဲ မေမေရယ် အဲ့အမျိုးသမီးလေးကို ထိရင် သမီး အဖေဆိုတာကိုလည်း ထည့်တွက်နေနိုင်မှာမဟုတ်ဘူး "
ဘီယာသုံးလေးဗူး ကုန်သွားပေမဲ့ မွန်းကျပ်နေတဲ့ စိတ်တွေကတော့ တစ်စက်မှမပြေပျောက်သွား ။ အခုချိန် မေမေသာရှိရင် မေမေရင်ခွင်ထဲ တိုးဝင်ပြီး ငိုနေမိခဲ့မှာ အခုတော့
***********
"Mino , Unnie အခုထိ အိမ်ပြန်မလာသေးလို့ မင်းလူတွေ ခေါ်ပြီး Yang Hyun-suk ကုပ္မဏီကို သွားရှာကြစမ်း မတွေ့မချင်း ပြန်မလာခဲ့ကြနဲ့ ကြားလား "
"Chae , နင်တို့ ဘာဖြစ်နေကြတာလဲ "
"အမ် Unnie , ဘာမှမဖြစ်ပါဘူး"
"မညာပါနဲ့ Chaeခုနက ဖုန်းပြောပြီး Kim Jisooလိုလိုက်ရှာဖို့ လူလွှတ်နေတာ Unnie ကြားလိုက်ပါတယ်။ Unniကို မညာပဲ အကုန်ပြောပြလို့ရမလား ။Unnie , Kim Jisooနဲ့ သူ့Daddyအကြောင်းတွေ သိချင်တယ်"Jen Unnieက မေးလာတာမလို့ Chae ညာပြောလို့လည်းရမယ်မထင် ပြီးတော့ Unnieနဲ့ လက်ထပ်ထားတဲ့သူတစ်ယောက်အနေနဲ့ Jen Unnieလည်း ဒီအကြောင်းတွေ သိသင့်တာပဲလေ။ပြောပြလိုက်လို့ အဆူခံရမယ်ဆိုလည်း အဆူခံလိုက်ယုံပေါ့ ။ နောက်မို့ဆို Unnieတစ်ယောက်ထဲ ကြိတ်ခံစားနေရမှာ ။
YOU ARE READING
🌟Polaris🌟
Fanfictionငါ့ရဲ့ အားနည်းချက်က မင်းဖြစ်နေတော့ လူတွေက ငါ့ကိုတိုက်ခိုက်လို့မရရင် မင်းကို ထိခိုက်ဖို့ပဲချောင်းနေကြတာ ငါကလည်း မင်းကလွဲ အရာရာကို စတေးပစ်နိုင်တာမျိုး 🌼 (Polaris က ကြယ်အများကြီးထဲက နာမည်တစ်ခုပါ)