"Jinu , မင်း ဘာလို့ ငါ့ကို သစ္စာဖောက်ရတာလဲ "
"ကျွန် ... ကျွန်တော် ငွေ အရမ်းလိုနေလို့ပါ ကျွန်တော်ကာစီနိုမှာ အကြွေးတင်နေတာ ပြန်မဆပ်ရင် အသတ်ခံရတော့မှာ မလို့ သူတို့နဲ့ပေါင်းလိုက်မိတာပါ "
"ငွေလိုရင် ငါ့ဆီက တောင်းလို့ရတယ်ဆိုတာ မင်းမေ့နေတာလား "
"မဟုတ် မဟုတ်ပါဘူး Bossက ငွေလိုရင် အိမ်အတွက်ထောက်ပံ့ပေးနေကြဆိုပေမဲ့ လောင်းကစားလုပ်တာ သိသွားရင် အသတ် အသတ်ခံရမှာကြောက်လို့ပါ "
"အေး ကောင်းတယ် အဲ့ဒါနဲ့ကြောက်လို့ပါဆိုပြီး မင်းကငါ့အကြောင်းတွေကို ရန်သူဆီသွားပြောလိုက်တာပေါ့ ဟုတ်လား! "
"တောင်းပန်ပါတယ် ကျွန်တော် ငွေလိုတာနဲ့ ရုတ်တရပ် ဘာမှမစဉ်းစားပဲလုပ်လိုက်မိတာ တောင်းပန်ပါတယ် ကျွန်တော်မှားသွားပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်ကိုမသတ်ပါနဲ့နော်"အသတ်ခံရမှာကြောက်လို့ ဒူးနှစ်ဖက်ထောက်ပြီး ငိုယိုတောင်းပန်နေတဲ့ Jinuက တစ်ကယ်ရည်ရွယ်ချက်ရှိရှိ အမှားလုပ်ခဲ့ပုံမရ ။
" သွား ငါ့ရှေ့က အခုချက်ချင်းထွက်သွား ဘယ်တော့မှ ငါ့အနားပြန်မလာခဲ့နဲ့ "
"Boss , သူ့ကိုမသတ်တော့ဘူးလား "
"မသတ်နဲ့ Mino , လွှတ်ပေးလိုက် ငါ့လက်တွေ နောက်ထပ်သွေးမစွန်းချင်တော့ဘူး ""ရော့ ဒီမှာ ပိုက်ဆံ သိန်း၃၀၀ ဒါ မင်း ငါ့ပေါ် နှစ်အကြာကြီးအလုပ်လုပ်ပေးခဲ့တဲ့အတွက် ဆုကြေးပြန်ပေးတာ ဒီသိန်း၃၀၀နဲ့ မင်းဘဝကို မင်းစိတ်ကြိုက်ဖန်တီးပေတော့ နောက်တစ်ခါ ငါ့နောက်ကျောကို ဓားနဲ့ထိုးတဲ့သူအဖြစ် မင်းကိုပြန်မမြင်ချင်ဘူး "
ငွေသိန်းသုံးရာကို ယူပြီး အကြိမ်ကြိမ်တောင်းပန်ကတိတွေပေးပြီး ပြန်ထွက်သွားတဲ့ Jinu ကိုကြည့်ရင် Jisoo လုပ်ရပ်မှန်တယ်လို့ ယူဆလိုက်မိ။ အမှားကို အမှားနဲ့ ပြန်သုံးပြန်လိုက်ရင် မလိုအပ်တက်ဆုံးရှုံးမှုတွေသာ ထပ်ဖြစ်သွားနိုင်တယ်မလား Jinuက လောင်းကစားကြောင်းသာ ဒီလိုဖြစ်သွားပေမဲ့ သိပ်တော်ပြီးအားကိုးခဲ့ရတဲ့သူတစ်ယောက်ပဲလေ။Rubyကို ချစ်မိသွားပြီတဲ့နောက်ပိုင်းမှာ အရာအားလုံးကို အကောင်းဘက်ကဖြည့်တွေးလာနိုင်ခဲ့တာပဲ ။ လွမ်းတယ် Ruby ...
YOU ARE READING
🌟Polaris🌟
Fanfictionငါ့ရဲ့ အားနည်းချက်က မင်းဖြစ်နေတော့ လူတွေက ငါ့ကိုတိုက်ခိုက်လို့မရရင် မင်းကို ထိခိုက်ဖို့ပဲချောင်းနေကြတာ ငါကလည်း မင်းကလွဲ အရာရာကို စတေးပစ်နိုင်တာမျိုး 🌼 (Polaris က ကြယ်အများကြီးထဲက နာမည်တစ်ခုပါ)