သွန်း ငိုတာတ်ိတ်သွားမှ ရောင်ခြည် သွန်းကိုအပေါ်
ထပ်သို့ ချော့ခေါ်ကာခေါ်ခဲ့ရသည်။ ရေစိုနေတဲ့သူမ
အဝတ်အစားတွေကိုလဲပေးလိုက်ပြီး နွေးထွေးစေရန်
စောင်ခြုံ ပေးလိုက်သည်။ သူမကိုစောင်ခြုံ ပေးလိုက်
ပြီး ထဖို့အလုပ်.."မသွားပါနဲ့..သွန်းနားမှာနေပါ.."
ရောင်ခြည့်လက်ကိုဆွဲရင်းပြောနေတဲ့သူမကြောင့်
ရောင်ခြည် သူမဘေးမှာ ဝင်လှဲလိုက်တော့ ရင်ခွင်ထဲ
ဝင်လာသည်။ င်္အကျီ ကော်လံမှာစိုစွတ်သလိုခံစား
ရလို့ကြည့်လိုက်တော့ သွန်းရဲ့မျက်ရည်တွေ ရောင်ခြည် သူမ မျက်နာကိုမေးစေ့ကအသာဆွဲမော့ရင်း..."ဘာလို့ငိုနေပြန်တာလဲ?"
"တောင်းပန်ပါတယ်..."
"ဘာကိုလဲ..."
သူမ မေးတော့ ခေါင်းခါကာ ရောင်ခြည့်ခါးကိုပို
တိုးဖက်ရင်း ရင်ခွင်ထဲ ပိုဝင်လာပြန်သည်။ပြီးနောက်
ငိုထားလို့တုန်နေသောအသံနှင့် သွန်းကခပ်တိုးတိုး
ပြောလာသည်။"အရာ..အားလုံးအတွက်ပါ.."
ရောင်ခြည် လည်းသူမကိုပြန်လည်ကာတင်းတင်းကြပ်ကြပ်ဖက်ထားပေးလိုက်ရင်း...
"ဘာပြသနာဖြစ်ဖြစ် ခွင့်လွှတ်ထားပြီးသားမို့လို့..
ဘာမှတွေးမနေပါနဲ့တော့...သွန်းဘာဘဲဖြစ်ဖြစ်
ရောင်ခြည် ကချစ်နေမှာဘဲ..သွန်း က ရောင်ခြည့်
ကိုမချစ်တော့ရင်လဲ ရောင်ခြည် ကချစ်နေဦးမှာဘဲ
အဲ့ဒါကြောင့်မို့လို့ ဘာအပြစ်ဘဲလုပ်ထား လုပ်ထား
ပူ မနေပါနဲ့ သွန်းကို အမြဲခွင့်လွှတ်ပေးပြီးသား
မို့လို့ပါ.."ရောင်ခြည်သစ် စကားကိုကြားပြီးနောက်သွန်းက
ပိုတိုးငိုလာခဲ့သည်။ ငိုလို့ဝလို့မောသွားပြီထင်ပါရဲ့
သွန်း တယောက် ရောင်ခြည့်ရင်ခွင်ထဲမှာတင်
အိပ်ပျော်သွားလေသည်။ ရောင်ခြည် လည်း သူမ
ထ လိုက်ရင်း သွန်း နိုးမှာဆိုးတာကြောင့် ဖက်ထား
တဲ့အတိုင်းလေးသူမလည်း ငြိမ်ကာ အိပ်လိုက်တော့
သည်။မနက်ခင်း နိုးလာတော့ သွန်း ရဲ့ဘေး ရောင်ခြည်မရှိ
ရေချိုးခန်းထဲမှ ရေသံကြောင့် ရောင်ခြည် ရေချိုးနေ
မှန်းသူမသိလိုက်သည်။ ခနအကြာတော့ ရေချိုးခန်း
တံခါးပွင့်လာသည်။
ВЫ ЧИТАЕТЕ
အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed)