ယနေ့ သွန်းသက်ပိုင် တယောက် ရောင်ခြည် Uni
လာမည်ထင်၍ စောလာခဲ့သည်။သို့ပေမဲ့ အတန်း
ချိန်သာ တချိန်ပြီးသွားတယ်..သူမရောက်မလာခဲ့..
မအိပြောပြသောကြောင့် သူမ နေမကောင်းသေး
သောကြောင့် ယနေ့လည်း ခွင့်ယူထားသည်ဆိုတာ
သိရ၍ နေ့ခင်း ကျရင် ရောင်ခြည်သစ် အိမ်သွား
ရန်သူမ ဆုံးဖြတ်ခဲ့သည်။ နေ့ခင်းသို့ရောက်သော
အခါကျန်သောအတန်းချိန်များမတတ်တော့ဘဲ သူမ
ရောင်ခြည့် အိမ် သို့ ထွက်ခဲ့သည်။ သူမ ကို ခြံစောင့်
ဦးလေး ကြီးက ပထမ တခါလာဖူးတော့ မှတ်မိကာ
တံခါးဖွင့်ပေးသည်။ အိမ်ထဲရောက်တော့ဒေါ်နေခြည်ခနှင့်တိုးသည်။"အော်..သမီးလေးဆီလာတာ လား..လာလာ အပေါ်
ထပ်မှာ အန်တီလိုက်ပို့မယ်.."ဒေါ်နေခြည်ခ ကဖော်ဖော်ရွေရွေပင် ကျွန်မလက်ကိုဆွဲ၍ ရောင်ခြည့် အခန်းကိုလိုက်ပို့သည်။ကျွန်မသူမ
ရှေ့မှာပြုံးလိုက်ပေမဲ့ သူမ ထွက်သွားတာနဲ့ ပြုံးနေတဲ့
မျက်နာချက်ချင်းတည်ပလိုက်သည်။သူမထားခဲ့တဲ့
ရောင်ခြည့်အခန်းဆိုတဲ့အရှေ့မှာ ၅ မိနစ်လောက်
အသက်ဝဝ ရှူ ပြီး မှ ဟန်ဆောင် ပြုံး ဖန်ဆင်းပြီး
ဝင်လိုက်သည်။အထဲက ကလေးမက ကျွန်မကို
တွေ့တော့ တော်တော် အံ့သြ သွားသည် ထင်
သည်။ မျက်ခုံးတွေတောင်ပင့်တတ်လို့ နေမကောင်း
ဘူးသာ ပြောတာ ဘောင်းဘီ တိုကိုအပေါ်က လက်ရှည် ဖြူ ဖြူ တထည်သာ ဝတ်ထား သည် ။
လေ အေး ပေးစက် ကလည်း ဖွင့်ထားသေး မချမ်း
တဲ့ အတိုင်း..."သွန်း..လာမယ်ဆိုတာကြိုလည်းမပြောဘူး..ရောင်ခြည် ကအံ့သြနေတာ..လာ လာ ဒီမှာလာထိုင်.."
ဟုဆိုကာသူမက သူမ ထိုင်နေသော ကုတင်ပေါ်ကို
လက်နဲ့ပုတ်ပြသည်။ သွန်းလည်း သူမ ထိုင်နေသော
ကုတင်ပေါ်သို့ တတ်ထိုင်လိုက်ရင်း..."နေမကောင်း ဖြစ် နေသေးတယ်ဆိုလို့လာကြည့်တာ..ရှင်လေးက အေးအေးဆေးဆေး ပါလား..."
"သက်သာနေပါပြီ..အမေတို့က ဒီနေ့တော့မသွားနဲ့
ဦးဆိုလို့..ခေါင်းတော့နည်းနည်းမူးသေးတယ်..""ဟုတ်လား ကိုယ်ပူ လား ကြည့်ရအောင်.."
ရုတ်တရက် ရောင်ခြည်သစ် နဖူးပေါ်ကျရောက်လာ
သော သွန်းသက်ပိုင် ရဲ့ လက်ဖဝါးလေး သူမ တို့
နှစ်ယောက် ယခု အရမ်းနီးကပ်နေသောကြောင့်
ရောင်ခြည်သစ် ရင်ခုန်ကာ အသက်ကိုအောင့်ထား
လိုက်မိသည်။ သူမ အနားက အနည်းငယ် ခွာ သွား
ကာမှ အသက်ကို ဝဝ ရှူ သွင်းလိုက်သည်။
VOCÊ ESTÁ LENDO
အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed)
Romanceအပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်.. Uni +Zawgyi ( own creation 💙) အပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်..