ကျွန်မနဲ့ အိမြတ်သူ လည်း Uni ဝန်းထဲရှိဆိုင်တစ်
ဆိုင်တွင်ထိုင်ကာ မုန့်တွေမှာလိုက်သည်။"ကဲ..ငါမုန့်မှာပြီးပြီ မအိ ပြောတော်မူ.."
"အေး အဲ့ကောင်မလေး နာမည်က သွန်းသက်ပိုင်
တဲ့..သူ့မှာအမေဘဲရှိတော့တာလို့ကြားတယ်ဟ
သူ့အဖေကသူငယ်ငယ်လေးထဲကဆုံးသွားတာ
တဲ့..နင့်ထပ်တော့ အသက်က လ နဲနဲ ကြီးမယ်
နဲ့တူတယ်..ပြီးတော့ သူ့အမေရဲ့ ဆောက်လုပ်ရေး
company က နင့်ဒယ်ဒီ နဲ့ အပြိုင်နော်..""ဟယ်..တကယ် ငါမသိဘူးရယ်.."
"အေး ပြီးတော့ဘယ်ကျောင်းကသူဆယ်တန်းအောင်
တယ်ထင်လဲ..""ဘယ်ကျောင်းလဲ.."
"ငါတို့ကျောင်း ငါတို့နဲ့တစ်ခန်းထဲ ဟဲ့ စာဂျပိုးမရဲ့.."
"ဟယ်.."
ထိုအခု ရောင်ခြည်သစ် မျက်လုံးအပြူးသားလေးနှင့်
အံ့သြကာ ပါးစပ်ကို လက်နဲ့ အုပ်လိုက်သည်။"ဟာကွာ..ကျောင်းထဲက ခင် လာရမယ့်ဟာ.."
သူမစိတ်ပျက်စွာ နဖူးထပ်ဝဲနေသောဆံပင်တချို့ကို
လေပူတချက်မှုတ်ထုတ်လိုက်သည်။ ခနအကြာတော့
သူမ ကျောင်းခန်းထဲမှာငေးခဲ့ရသော သွန်းသက်ပိုင်
တယောက် သူမ တို့ ဘေးက စားပွဲတွင် သူ့သူငယ်
ချင်းများနှင့် စကားတပြောပြောနှင့်ဝင်လာသည်။"ဟဲ့ ဟဲ့လာပြီဟ.."
"အခြည်မ နင်တော်တော်ဖြစ် "
ဟုဆိုကာ မ အိ ရောင်ခြည့် ကိုမာန်လိုက်သည်။
ထို့နောက်သွန်းတို့ဝိုင်းဘက်ကကောင်မလေးတယောက်က သူမတို့ဘက်ဝိုင်းကိုကြည့်ရင်း..."ဟယ်..မအိ.."
"သဇင်.."
"တွေ့ကြပြီဟယ်..တ uni ထဲဆိုတော့ကောင်း
လိုက်တာ လာ ငါတို့ ဝိုင်းတူတူလာထိုင်.."သူမတို့နှစ်ယောက်လဲ ထကာ သဇင်တို့ဘက်ကို ကူး
လိုက်သည်။ ထို့နောက်သဇင်က မိတ်ဆက်ပေး
တော့သည်။"ကျွန်မ နာမည်က သဇင်ပေါ့ ဒီက တယောက်က.."
"ရောင်ခြည်သစ် ပါ သဇင် အခြည် လို့ခေါ်လဲရပါတယ်.."
BINABASA MO ANG
အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed)
Romanceအပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်.. Uni +Zawgyi ( own creation 💙) အပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်..