EP 22 Uni(Final)

6.2K 291 32
                                    

"ရှင်..ရှင် အနားကပ်မလာနဲ့နော်.."

"ဟားဟားဟား မင်းကြောက်နေတာလေးက
ချစ်ဖို့ကောင်းလိုက်တာ..."

"လွှတ်စမ်း!!"

စစ်မင်းဟန် တယောက် သွန်း ကို အတင်းအကြပ်ကို
ဖက်ထားသည်။

"မိန်းကလေး တယောက်ကလက်မခံတာကိုအတင်း
အကြပ်ဖက်နေတာမရှက်ဘူးလား..."

စစ်မင်းဟန် သွန်းကိုဖက်ထားရင်း မျက်ခုံးတွေကို အလိုမကျ စွာ တွန့်ချိူးလိုက်ရင်း အသံလာရာ
ကိုကြည့်လိုက်တော့ ရောင်ခြည်သစ်...

"Ohh....ဟားဟား..တော်လိုက်တာ.."

ဟူ၍ လက်ခုပ်လက်ဝါးတီးရင်း စစ်မင်းဟန် ရောင်
ခြည့်ကိုပြောလိုက်သည်။

"တော်တယ်..တကယ်ပြောတာ..မင်းဘယ်လိုများ
ရှာတွေ့တာလဲ..."

ရောင်ခြည် နဲ့ စစ်မင်းဟန် စကားပြောနေတုံး သွန်း
အနီးတွင်တခုခုကိုရှာနေသည်။ ထိုစဉ် အောက်တွင်
ကျနေသော စစ်မင်းဟန် ရဲ့ဓား ကို သွန်း တွေ့၍
ထိုဓားကိုမသိမသာယူလိုက်သည်။ ဓားဖြင့်လက်ကို
နောက်ပြန်ချည်ထားသောကြိုးကိုအသာ​လေးဖြတ်ရင်းဓားကအရမ်းထပ်တာကြောင့် လက် ကိုရှ ကာ
သွန်း လက်ကောက်ဝတ် မှ သွေးတို့အနည်းငယ်
စီးကျလာသည်။

" ရှင့်ကိုမယားခိုးမှု ပြန်ပေးဆွဲမှု လိမ်လည်မှု နဲ့တရား
စွဲ မယ်..."

" ငါ ကြောက်နေမယ်များထင်နေလား.."

စစ်မင်းဟန် ပြောရင်း ရောင်ခြည့်င်္အကျီကော်လံကို
ဆွဲကာပြောလိုက်သည် ။

"မိန်းကလေး တယောက်ကိုတောင် ဒီလောက်လက်ပါနေတာ ရှင့်ရဲ့အဆင့်အတန်းကတော့...
ပြေးကြည့်တာထပ်ပိုမှန်လိမ့်မယ်.."

"လက်ပါတယ်..အဟက် ဒါကမှလက်ပါတာ ခွေးမ!"

"ခွပ်!"

စစ်မင်းဟန် ရောင်ခြည့်မျက်နာကိုလက်သီးနဲ့
ထိုးလိုက်သည်။ ရောင်ခြည်သစ်လည်း စစ်မင်းဟန်
ရဲ့ မျက်နှာကို လက်သီးနဲ့ ပြန်ထိုးလိုက်သည်။
စစ်မင်းဟန် နှာခေါင်းသွေးလျှံ သွားပြီး ရောင်ခြည်သစ်လည်း နှုတ်ခမ်းကွဲသွားသည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Aug 02, 2020 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

အခ်စ္နတ္ဆိုးရဲ႕ေတာင္ပံခတ္သံ😈S2(completed) Hikayelerin yaşadığı yer. Şimdi keşfedin