EP 10 Zawgyi

2K 124 9
                                    

ဘယ်လိုအချစ်မျိုးနဲ့ဘဲ ချစ် ချစ် ချစ်မိပြီဆိုရင်...
ပူလောင်ရတာပါဘဲ...အဲ့ထဲမှာ မှ တဖက်သက်
အချစ်ကတော့ အပူလောင်ဆုံးပေါ့..
~~~~~~~~~~~~~~~~~~~~~~~~~~
ညစာ စားပွဲကို သွန်းသက်ပိုင် တယောက် စိတ်မပါစွာ သူမအမေနှင့်လိုက်သွားရသည်။သူမ မလိုက်ဘူး
ပြောလည်းသူမအမေကိုလွန်ဆန်လို့မှမရတာဘဲလေ..ညနေက Uniမှာ ရောင်ခြည့် ကိုအော်မိလို့သူမ
စိတ်မကောင်းဖြစ်ရပေမယ့်..လှည့်ပြီးပြန်မချော့ခဲ့
ကားပေါ်သာတတ်ခဲ့သည်။သူမအော်မိလို့ပြန်တောင်း
ပန်ဖို့ ကားထဲက ဆင်းလိုက်တော့ တခြားလူကိုဖက်
ပြီးငိုနေတဲ့သူမကြောင့် အလိုမကျစွာ ကားကိုသာ
ထိုနေရာမှ တရှိန်ထိုးမောင်းထွက်ခဲ့သည်။ယခု
လည်း ညစာ စားနေရင် သူမ အကြောင်းခေါင်းထဲ
ရောက်လာပြန်သည်။

"အဲ့ တီလေး ဆိုတဲ့တယောက်ကို အဲ့လောက်ခင်ရလား..ကြည့်လိုက်ရင် အမြဲပူး ကပ်နေတာဘဲ.."

သူမ စိတ်ထဲကနေပြောနေရင်းဝိုင်သောက်နေတာ
ဘယ်နခွက်ဝင်သွားမှန်းတောင်မသိတော့ဘေးက
စစ်မင်းဟန် အသံကြောင့် အသိဝင်လာသည်။

"မင်းကသောက်နိုင်သားဘဲ.."

"ဟင်..အော်..အင်း.."

"မင်းကိုငါ..မြင်မြင်ချင်း သဘောကျခဲ့တာ..ချစ်
ဖို့ကောင်းလို့လေ.."

"ရှင်က ကျွန်မကိုချစ်ဖို့ကောင်းတယ်လို့မြင်တယ်ပေါ့..."

"မြင်တာမဟုတ်ဘူး..မင်းကတကယ်ချစ်ဖို့ကောင်းတာ.."

ဟုဆိုကာ စစ်မင်းဟန် ကသူမ ဆံနွယ်တွေကိုထိ
ဖို့ကြိုးစားတော့ သူမက..

"ကျွန်မ ဆံပင်ကိုသူများ ကိုင်တာမကြိုက်ဘူး.."

သူမပြောလိုက်တော့ စစ်မင်းဟန် လက်တွေလေမှာ
တင် ရပ်တန့်သွားကာပြန်ရုတ်သွားသည်။

"ကိုယ်တောင်းပန်ပါတယ်..နောက်ဆိုကိုယ်တို့တွေ
တယောက်အကြောင်းတယောက်သိအောင်ရင်းရင်း
နီးနီးနေကြတာပေါ့.."

စစ်မင်းဟန် အပြောကိုသူမခေါင်းသာညိမ့်ပြလိုက်သည်။ သူမ ထင်လိုက်သည်ကယနေ့ညသူမအမေ
စေ့စပ်ပွဲအကြောင်းပြောမည်ထင်မိသည်။သို့သော်
လုပ်ငန်းအကြောင်းသာပြောနေသောကြောင့်သူမ
အသက်ရှူ ချောင်သွာသည်။သူမ ထိုယောက်ျားနဲ့
မစေ့စပ်ချင်သေးပါ..သွန်း စစ်မင်းဟန် နှင့် စကား
ပြောနေရင်း ခုနက သောက်ထားသောဝိုင်အရှိန်
ကြောင့်မူးလာသည်မို့ အိမ်ပြန်ရန်ထလိုက်သည်။
ထိုအခါ စစ်မင်းဟန် က

အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed) Tempat cerita menjadi hidup. Temukan sekarang