သွန်းသတ်ပိုင် စစ်မင်းဟန် နှင့် စကားပြော
ပြောပြီးရောင်ခြည့် ဘေးသို့ဝင်ထိုင်လိုက်သည်။
ရောင်ခြည့် ပါးလေးကိုသူမ ရွှတ်ခနဲ နမ်းလိုက်တော့
ရွှေစင် တို့ မအိတို့က နောက်ပြောင်ကြသည်။မေဖူး
ကတော့ ဝိုင်တွေသာတစ်ခွက်ပြီး တစ်ခွက်သောက်
နေသည်။ ဝိုင်တွေကိုတခွက်ပြီးတစ်ခွက်သောက်နေ
တဲ့ သူငယ်ချင်း ဖြစ်သူကို မေဧကရီ ကြည့်ရင်း.."အဖူး စိတ်ညစ်စရာရှိလို့လား.."
ထိုအခါ မေဖူးသစ္စာ ကခေါင်းခါသည်။
"ဒီလိုဘဲ ဒီနေ့သောက်ချင်လာလို့.."
အိမြတ်သူ တယောက် ph ကြည့်ရင်းတပြုံး ပြုံးဖြစ်
နေသောကြောင့် သွန်းလှမ်းစလိုက်သည်။"ဟဲ့ မအိ ဘာတွေပြုံးနေတာလဲ မဟုတ်မှ နင် ကောင်လေးရနေတာလား.."
သူမ မေးလိုက်တော့ အိမြတ်သူ ဟာ စပ်ဖြဲဖြဲနှင့်
"ကောင်လေး မဟုတ်ဘူး.."
မအိစကားကြောင့် ရောင်ခြည် ကရယ်ကာ...
"ဘာလဲ ဘာလဲ ကောင်မလေး လား"
ရောင်ခြည် မေးတော့ မအိကမဖြေတော့ဘဲ ပြုံးသာ
ပြုံးနေတော့သည်။ မအိ ပြုံး နေတဲ့ ပုံကို မေဖူးက
မျက်မှောင်ကြုံ့ကာ ကြည့်ရင်း ဝိုင်တွေသာတစ်
ခွက်ပြီးတစ်ခွက်သောက်နေသည်။သူမ ပုံက မသိ
ရင် အသဲကွဲနေတဲ့ လူတယောက်လိုပင်ဖြစ်သည်။
သူမတို့သောက်စားပြီး ရောင်ခြည် နဲ့သွန်းကတော့
နေခြည်ခ တို့အိမ်မှာတင် အိပ်လိုက်ကြသည်။
မူး နေတဲ့ မေဖူးသစ္စာ ကို မအိတွဲ ကာ အဖူးအိမ်
သို့ လိုက်ပို့ပေးရန် တာဝန်ယူလိုက်သည်။မေဖူး
ရဲ့ တိုက်ခန်း ရှေ့ရောက်တော့ မေဖူးကိုတွဲရင်း
အိမြတ်သူ က.."မ အိမ်သော့.."
"ဟမ်..အေ့ ဘာ ပြော...တာ.."
ဟုဆိုကာ အာလေးလျှာလေးနဲ့ သူမကိုပြန်ပြော
နေတဲ့ မေဖူး ကို မအိတယောက်အသဲယားနေ
လေသည်။"အိမ်သော့လို့..."
"အော် အေ့ ဘောင်းဘီ အိပ်ကပ်ထဲမှာနှိုက်လိုက်"
မအိ လည်းပြုံး ကာ အဖူး ရဲ့ ဘောင်းဘီ အိပ်ကပ်
ထဲသို့လက်နှိုက်ကာ သော့ရှာပြီး တိုက်ခန်း တံခါး
ကိုဖွင့်လိုက်သည်။ ထို့နောက် အဖူးကို အိမ်ထဲသို့
တွဲလာရင်း တံခါးပြန်ပိတ်ကာ အဖူး အိပ်ခန်းရှိ
ကုတင်ပေါ်သို့တင်ပေးဖို့အလုပ်အရှိန်မထိန်းနိုင်စွာ
သူမ ပါ မွေ့ယာပေါ်ပြုတ်ကျသွားသည်။ သူမ ပြန်
ထဖို့ အလုပ် လည်ပင်းကိုသိုင်းဖက်ထားသော
မေဖူးသစ္စာ...
YOU ARE READING
အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed)
Romanceအပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်.. Uni +Zawgyi ( own creation 💙) အပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်..