EP 14 Zawgyi

2K 134 6
                                    

ဒီနေ့ အမေတို့ပို့လိုက်တဲ့ အိမ်အကူနှစ်ယောက်ရောက်နေလေသည်။တစ်​ယောက်က အစိမ်း တယောက်
က မိကျော့ တဲ့ နည်းနည်းငယ်သေးပေမဲ့ လိမ္မာကြတယ်..ရောင်ခြည် နဲ့ သွန်း တို့စကားကိုလည်း နား
ထောင် ပြီး အလုပ်လုပ်ရာမှာလည်းတော်ကြသည်။
ရောင်ခြည့်သူငယ်ချင်း တွေ ဒီနေ့အပြင်သွားဖို့အတင်းလာခေါ်နေလို့ ထည့်ပေးလိုက်သည်။ အပြင်လေး
တခါလေး လွှတ်ပေးလိုက်ပါတယ် ဇောင်းထဲက လွှတ်တဲ့ မြင်းလိုဘဲ တော်တော် နှင့်ပြန်မလာသေးတာ
ကြောင့် သွန်း တယောက် အနောက်က လိုက်သွား
ရန် စဉ်းစားလိုက်သည်။ သဇင့်ဆီphဆက်ကြည့်
တော့ သူမတို့ ကလပ် သွားကြသည်တဲ့ သူမရဲ့
တီလေး မေဖူးတို့ အိတို့ပါလို့ သွားကြတာတဲ့လေ
သွန်း လည်း ကားကို တရှိန်ထိုး မောင်းလိုက်ပြီး သူမ
တို့ ရဲ့ ကလပ် ဆိုတဲ့ နေရာ ရောက်တော့ အထဲဝင်ကာ ရောင်ခြည့် ကို ရှာတော့သည်။ တွေ့ပါပြီ သူမ
ရဲ့ရောင်ခြည် မီးရောင်တွေ အောက်မှာ ကခုန်နေသည်။ သူမ ကြည့်ရတာမူးနေသည် ထင်သည်။ ချက်ချင်းသူမ အနား သွားလိုက်ပြီး လက်ကောက်ဝတ်
ကို ဆွဲလိုက်တော့ သွန်းကို ရီဝေ စွာကြည့်လာတဲ့
သူမ..

"သွန်း..."

"အေး ပြန်မယ်.."

သွန်းသူမကိုပြောပြီးတာနဲ့ လက်ကောက်ဝတ် ကနေ
ဆွဲခေါ်လာတော့သူမက သွန်းလက်ကိုဖြုတ်ချပြီး..

"ဘာလဲ မပြန်ချင် သေးဘူး.."

"မပြန်လို့မရဘူး နင့်မှာနာရီမပါဘူးလား ဟမ် အချိန်
နောက်ကျနေပြီ! "

"တီလေး အဖူးလည်းပါတာဘဲဟာ.."

"တောက်! အချိန်တိုင်းအဖူးအဖူး နဲ့ နင် သူ့ကိုကြိုက်
နေလား ဟမ်!"

"နင် တီလေး အဖူးနဲ့ ငါ့ကိုမစွပ်စွဲနဲ့..."

သူမတို့အသံကျယ်သွားတာကြောင့် မေဖူးသစ္စာ သူမ
တို့နား ရောက်လာသည်။

"ရန်မဖြစ်ကြနဲ့လေ..အေးဆေးဖြေရှင်းကြပါ.."

"ရှင် ဝင်မပါနဲ့ ကျွန်မ မိန်းမ ကျွန်မပြောနေတာ!"

သွန်းသက်ပိုင် မေဖူး ကိုအော်ပြောလိုက်သည်။

"နင် တီလေး အဖူး ကိုအော်စရာမလိုဘူး သွန်းသက်ပိုင်!"

အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed) Donde viven las historias. Descúbrelo ahora