"Beep...Beep...Beep...."
အဆက်မပြတ်မည်နေသော ph သံကြောင့် သွန်း
အိပ်ယာကနိုးလာသည်မနေ့က ပင်ပန်းသွားတာ
ကြောင့် ယနေ့ အိပ်ယာထနောက်ကျခြင်းဖြစ်သည်။
သူမဘေးကိုကြည့်လိုက်တော့ ရောင်ခြည် မရှိ ရေ
ချိုးခန်းကရေကျသံကြောင့် ရောင်ခြည် ရေချိုးနေမှန်း
သိလိုက်ကာ ph no ကိုကြည့်လိုက်တော့ စစ်မင်းဟန် သူမ စိတ်ရှုပ်စွာ ဆံပင်ကိုသပ်တင် ရင်း phကို
ကိုင်လိုက်သည်။" Hello.."
"ကိုယ်ပါ.."
"သိတယ်.."
"အဟင်း..မင်းအမေအခုဘယ်ရောက်နေတယ်ထင်လဲ"
"ဘယ်..ဘယ်လို..ရှင်အမေ့ကိုဘာလုပ်လိုက်တာ
လဲ..""ဟားဟား..မင်း အမေကိုတော့တော်တော်ချစ်ပုံ
ရတယ်..""အမေဘယ်မှာလဲ!"
"Oh..အချစ်ကလေး...စိတ်လျော့ စိတ်လျော့..
ကိုယ့် ကိုမအော်ရဘူး..အခုကိုယ်စာပို့တဲ့နေရာ
ကိုလာခဲ့ မင်းအမေကိုကယ်ချင်ရင်ပေါ့...""ကောင်းပြီ ကျွန်မလာခဲ့မယ်..အမေ့ကိုရှင်လက်ဖျား
နဲ့တောင်မထိနဲ့.."သွန်း ph ချလိုက်ပြီး စစ်မင်းဟန် ပြောတာသေချာ
စေရန် သူမ အမေphကိုလှမ်းဆက်တော့လည်း..
သူမအမေ ph က စက်ပိတ်ထားသည်။သူမ
ရင်တွေ ပူလာသည်။ ရင်ဘတ်ထဲကအောင့်တတ်
လာတာကြောင့် ဆေးတလုံးအမြန်သောက်လိုက်ရ
သည်။ တခြားအခန်းမှာ ရေဝင်ချိုးပြီးအဝတ်အစား
လဲကာ စစ်မင်းဟန် ချိန်းသော နေရာသ်ို့မသွားခင်
ရောင်ခြည့်ကိုသူမဘယ်သွားတယ်ဘာ့ကြောင့်
ဆိုတာစာရေးပြီးထားခဲ့သည်။ ရောင်ခြည် ရေချိုးပြီး
ထွက်လာတော့ သွန်းကိုမတွေ့တော့တာကြောင့်
ကုတင်ပေါ်တွင်ထားခဲ့တော့စာကို တွေ့လိုက်ရ၍
အလန့်တကြား သူမ အမေဆီphဆက်ကာ ရဲကို
အကြောင်းကြားရသည်။ပြီးနောက် သွန်းရဲ့မေမေ
ဒေါ်ဇွန်ဖြူ ကို စစ်မင်းဟန် ဖမ်းထားသည် ဆိုသော
စကားကလည်း အမှားဖြစ်နေသည်။ ဒေါ်ဇွန်ဖြူ ဟာ
အလုပ်ကိစ္စ ကြောင့် မွန် ကိုခနသွားခဲ့ရပြီး ဒီနေ့မှ
ပြန်လာခြင်းဖြစ်သည် လမ်းတွင် ကားပျက်ကာ
Ph အားမှာလည်း ကုန်သွားသည်ကြောင့် သွန်း
Phခေါ်သည်ကိုမကိုင်နိုင်ခဲ့တာဖြစ်သည်။ စစ်မင်းဟန်
ဟာ သွန်း ကို တမင်သပ်သပ်မျှားခေါ်ခဲ့ခြင်းသာ
ဖြစ်သည်။ ဒေါ် ဇွန်ဖြူလည်း အိမ်သို့ရောက်ရောက်
ချင်း ကြားလိုက်ရတဲ့ သတင်းစကားကြောင့် သမီး
ဖြစ်သူကိုစိုးရိမ်သွားသည်။ သူမ သမီးကို ချစ်ပါ
သည်။ ထုတ်မပြောခဲ့တာပါ ဘယ်လိုဘဲ ဖြစ်ပါစေ
မိဘဟာ မိဘ ပါဘဲ ဘယ်မိဘကသားသမီးကို
မချစ်ဘူးဆိုတာမရှိ။ သွန်းသတ်ပိုင် တယောက်
အမေဖြစ်သူကိုကိုစိတ်ပူစွာ စစ်မင်းဟန် ချိန်းသော
နေရာသို့ရောက်သွားခဲ့သည်။ထိုနေရာက တိုက်ခန်း
တခု တံခါးဟာ ပွင့်လျှက်သား အထဲမှာအနည်းငယ်
မှောင်နေသည်။ ထိုစဉ် ရောင်ခြည့်ဆီက ph လာ
တာကြောင့် သွန်း ph ကိုင်လိုက်သည် ။
DU LIEST GERADE
အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed)
Romantikအပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်.. Uni +Zawgyi ( own creation 💙) အပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်..