EP 15 Uni

3.2K 227 8
                                    

ပြတင်းပေါက်ကနေရောင်ခြည်နွေးနွေးမျက်နာကို
ရိုက်ခတ်လာသောကြောင့် သွန်း တယောက်နိုး
လာသည်။ နိုးနိုးချင်း အိပ်ယာဘေးကိုကြည့်လိုက်
တော့ ရောင်ခြည် မရှိ...

"ဟင်..ညကတကယ်အိမ်ပေါ်တတ်မလာဘူးလား
ကျစ်!တကယ်ကိုခေါင်းမာတာဘဲ.."

သူမ ချက်ချင်းပင်အိမ်အောက်ဆင်းကာခြံထဲကိုကြည့်
လိုက်တော့သတိလစ်နေသော ရောင်ခြည်သစ်..သူမ
ပြေး ပွေ့လိုက်တော့ ရောင်ခြည့်ကိုယ်ဟာ ပူကျစ်
လို့နေသည်။ သွန်းသူမကို ချီ လိုက်ပြီး အစိမ်းနဲ့
မိကျော့တို့ကိုခပ်စူးစူးကြည့်ကာ...

"နင် တို့ မမလေးကို အိမ်ထဲမခေါ်ကြဘူးလား!"

"ဟို..ဟို..မမလေးဘဲ သူ့ဘာသာဝင်ချင်ဝင်ပစေ
နင်တို့မခေါ်နဲ့ဆိုလို့..."

"ကျစ်! ဆရာဝန်ဆီ ph ဆက်.."

သွန်း နှင် ရောင်ခြည် တို့ကိုယ်တိုင်ကလည်းဆေး
ကျောင်းတတ်နေကြတာဆိုပေမဲ့ဆရာဝန်မဖြစ်
သေးတာကြောင့် ဆရာဝန်ခေါ်လိုက်သည်။သွန်း
ရောင်ခြည့်ရဲ့ င်္အကျီတွေကိုလဲပေးလိုက်ပြီး ရေပတ်
ဝတ်တင်ပေးလိုက်တာတောင်ကိုယ်ဟာပူဆဲပင်..
ခနနေတော့ ဆရာဝန်ရောက်လာသည်။ရောင်ခြည့်
ကိုစစ်ဆေးကာ ဆေးထိုးပေးခဲ့ ပြီး သောက်စရာ
ဆေးများ သွန်းကိုပေး ရင်း..

"လူနာ ကိုဆေးပုံမှန်တိုက်ပေးပါဗျ အကယ်၍
အဖျားမကျသေးရင် ဆေးနောက်တလုံးထပ်ထိုး
ရပါမယ်..ကျွန်တော့phသာဆက်လိုက်ပါချက်ချင်း
လာခဲ့ပါမယ်"

Doctor က ပြုံးပြီး သွန်းအားပြောလိုက်သည်။ သွန်း
လည်း doctor ကိုပြုံး ပြကာ..

"ကျေးဇူးပါ doctor.."

ထို့နောက်ဆရာဝန်လည်းပြန်သွားသည်။

"မိကျော့ရေ..မိကျော့.."

သွန်း ရဲ့ခေါ်သံကြောင့််မိကျော့အပေါ်ထပ်ရှိသွန်းအခန်းသို့တတ်လာခဲ့သည်။

"ဟုတ်ကဲ့ မမလေး.."

"ရောင်ခြည် စားဖို့ ပုဇွန်ဆန်ပြုတ်လေး ပြုတ်ခဲ့..သူ
နိုးရင် စားရအောင်.."

"ဟုတ်ကဲ့ မမလေး.."

မိကျော့လည်း သူမ မမလေး ရဲ့စေခိုင်းချက်ကြောင့်
ဆန်ပြုတ်ပြုတ်ရန်အောက်ထပ်သ်ိုပြန်ဆင်းခဲ့သည်။

အခ်စ္နတ္ဆိုးရဲ႕ေတာင္ပံခတ္သံ😈S2(completed) Tahanan ng mga kuwento. Tumuklas ngayon