EP 12 Uni

3.2K 226 3
                                    

"မိသွန်း ဘယ်ကပြန်လာတာလဲ"

သွန်းသက်ပိုင် အိမ်ထဲဝင်ဝင်ချင်းနားဝင်ချိုလှသော
သူမ အမေ အသံကိုကြားလိုက်ရသည်။သူမလည်း
သူမ အမေနား သွားလိုက်ရင်း...

" ရောင်ခြည့် အိမ်က ပြန်လာတာလေ..မနက်ဖြန် အမေ သူ့ကို လိုက်တောင်းပေးရမယ်.."

"ဘာ!"

"အမေဖြစ်စေချင်တာအဲ့လိုမဟုတ်ဘူးလား..."

သူမ အမေ နားပိုတိုးကပ်ကာမျက်လုံးတွေကိုစေ့စေ့
ကြည့်ပြီးပြောလိုက်သည်။ သူမ အမေလည်း ဘာမှ
တော့ပြန်မပြောဘဲခန ငြိမ်နေပြီးမှ...

"အဟင်း..ကောင်းပြီလေ..မိန်းကလေး ချင်းယူလဲ
ဘာမှမဖြစ်ပါဘူး..အချိန်တန်ပြန်ကွာလိုက်လို့ရ
တာဘဲ..ည ည်း သူနဲ့ ယူလိုက်လဲ company ပို
တောင် အကျိုးအမြတ်ရဦးမှာ အခုချိန်မှာ မေဧကရီ
ရဲ့ company က လုံးဝ အောင်မြင်နေတာလေ..
ညည်းသူနဲ့ယူလိုက်ရင်သူ့ company နဲ့ငါ့
company ပူပေါင်း..."

"အမေက company အတွက်ဘဲ တချိန်လုံး ဂရုစိုက်
နေတာ ကို့သမီးကြတော့ ဘာဖြစ်ဖြစ်ပေါ့ဟုတ်လား!"

သွန်းသူမအမေကိုအော်ပြောလိုက်သည်။

"အဲ့ company ကလည်း တချိန်မှာ နင် ပိုင်ရမှာဘဲ
လေ.."

" မလိုချင်ပါဘူး! "

သူမ အမေကို ထပ်အော်လိုက်ကာ သူမ အခန်းကို
သွားဖို့ အလုပ် သူမ အမေက..

"နင် အဲ့ကောင်မလေး ကိုချစ်သွားတာလား မိသွန်း.."

".................."

"သူ့အမေ နင့်အဖေကို ဘာလုပ်ခဲ့လဲဆိုတာနင်မေ့
သွားပြီလား မိသွန်း.."

"မမေ့ဘူး...အကုန်သိတယ်..အနားမှာခေါ်ထားပြီး
နှိပ်စက်ချင်လို့ လက်ထပ်တာ..အမေ ဖြစ်စေချင်တာ
အဲ့လိုမဟုတ်လား.."

သွန်း သူမ အမေကို လှည့်မကြည့်ဘဲ ထိုစကားကို
ပြောလိုက်ရင်း သူမ အခန်း ထဲသို့ ဝင်လိုက်သည်။
ကုတင်ပေါ်မှာ ထိုင်လိုက်ရင်း...

"ဟုတ်တယ် သွန်း..နင်သူ့ကိုသနားလို့မရဘူး..
မချစ်ရဘူး..ချစ်လို့မရဘူး...အဖေ့အတွက် လုပ်ပေး
ရဦးမယ်..သူတို့မိသားစုကြောင့်် အဖေ သေရတာ
နင် သူ့ကို ချစ်လို့မရဘူး.."

အခ်စ္နတ္ဆိုးရဲ႕ေတာင္ပံခတ္သံ😈S2(completed) Donde viven las historias. Descúbrelo ahora