"သွန်း"ယောက်ျားတယောက်နဲ့စကားပြောနေတဲ့သွန်းကို
ရောင်ခြည် လှမ်းခေါ်လိုက်သည်။ထိုအခါ သွန်းသက်ပိုင် ကထို ယောက်ျားကို.."ကျွန်မတို့နောက်မှထပ် တွေ့ကြတာပေါ့.."
သွန်းရဲ့စကားကို အရပ်မြင့်မြင့်ခပ်ချောချော ထို
ယောက်ျား ကလက်ခံကာ ခေါင်းညိမ့် ၍ ရောင်ခြည်
ကိုလည်း ပြုံးပြရင်း နှုတ်ဆက်ကာ ထွက်သွားသည်။" မနေ့ညက သွန်းစာပြန်မယ်ထင်လို့စောင့်နေတာ..
စာလည်းမပြန်ဘူး.."ရောင်ခြည် ပြော လိုက်တော့သူမက မျက်ခုံးတွေ
မြင့်တတ်သွားရင်း.."သွန်း မသိဘူးမနေ့က phမကြည့်မိဘူး "
ဟုဆိုကာသူမphကိုအခုမှထုတ်ကြည့်၍
"အာ...ဟုတ်သားဘဲ..သွန်းရဲ့ရောင်ခြည်လေးစာ
ပ်ို့ထားတဲ့ဟာကို..နောက်ဒီလိုမဖြစ်စေရဘူးနော်.."သွန်း ရောင်ခြည့်ပါးလေးကိုဆွဲ ပြီးပြောလိုက်သည်။
တကယ်တော့သူမ စာပို့ထားသည်ကိုသိသည်။
တမင်စာမပြန်တာဖြစ်ပြီးယခုလည်းလိမ်လိုက်ခြင်း
သာဖြစ်သည်။ ရောင်ခြည် ကတော့ သူမ နည်းနည်း
ချော့တာနဲ့တင်အရည်ပျော်နေလေပြီ..ထို့နောက်
သူမ တို့ အတန်း တတ်ခဲ့ကြသည်။ အတန်းထဲတွင်
လည်းသူမတို့နှစ်ယောက်တွဲနေပြီဆိုတာကိုသွန်းက
မပြောခိုင်းတာကြောင့်သူမမပြောခဲ့ သွန်းက သူမကို
မေ့ပြီးတခါတလေ တခြားလူတွေနှင့်စကားပြောနေ
တတ်သည်။သူမ သဝန်တိုပေမဲ့ လည်းထုတ်ဖော်
ပြခွင့်မရှိခဲ့..ညနေ သူမတို့ အိမ်ပြန်ချိန်ရောက်တော့
သွန်း ဆီ ph ဝင်လာသည်။ သူမ တို့ အိမ်ပြန်ရန်
လမ်းအတူလျောက်ရင်း ကားဝင်းထဲမရောက်ခင်ပေါ့..
သွန်းက ph ကိုင်လိုက်ပြီး.."ဟုတ်ကဲ့ သွန်းသက်ပိုင် ပါရှင်.."
"ကိုယ်ပါ...စစ်မင်းဟန် "
"ဟုတ်ကဲ့ပြောပါ.."
"ဒီည ကိုယ်တို့ နှစ်ဖက်မိဘ တွေ့ဆုံပွဲရှိတယ်နော်.."
"ဟင်..ကျွန်မလည်းမသိရပါလား.."
"အခုကိုယ်ပြောလို့သိပြီမှတ်လား..မင်း ရဲ့အမေက
သွန်းကို ကိုယ်ကိုတိုင်ပြောလိုက်ပါဆိုလို့လေ..ကို
လည်းမင်းနဲ့phပြောချင်တာနဲ့..."
ŞİMDİ OKUDUĞUN
အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed)
Romantizmအပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်.. Uni +Zawgyi ( own creation 💙) အပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်..