ယနေ့သွန်းတယောက်စိတ်ထဲမရှင်းတာတွေဖြေရှင်းရန်အတွက် နေခြည်ခ ဆီသို့လာခဲ့သည်။ အိမ်ရှေ့မှာ
ကားရပ်ပြီး အိမ်ထဲသို့ဝင်လာတော့ နေခြည်ခ က
သွန်းသက်ပိုင် အား နှုတ်ဆက်သည်။"သမီးသွန်း လာလာ..ဧကရီ ကတော့ ရုံးသွားပြီ
အန်တီဘဲရှိတယ်.."ဟုဆိုကာ သွန်း လက်ကိုဆွဲကာ ဧည့်ခန်း သို့ခေါ်
လာခဲ့သည်။ သူမတို့လည်း ဆိုဖာမှာ ထိုင်လိုက်ကြပြီး"ဘာကိစ္စ များလည်း သမီး.."
နေခြည်ခ မေးတော့ သွန်းသက်ပိုင် ဟာအသက်ကို
ဝဝ ရှူ ထုတ်ရင်း...."တကယ်တော့ သမီး ရောင်ခြည့်ကိုလက်ထပ်တာ
က ဂလဲ့စားချေချင်လို့ပါ..""ဘယ်လို!"
"သမီးက ဦး ဇွဲသတ်ပိုင် ရဲ့ သမီးပါ..မေမေက ပြော
တယ် အန်တီ က ကျွန်မအဖေကိုသတ်ခဲ့တာတဲ့..
အဲ့ဒါ ကြောင့် ဂလဲ့စားချေဖို့ ရောင်ခြည့်နားကိုတမင်
ချဉ်းကပ်ခဲ့တာ.."သူမစကားကိုကြားပြီး နေခြည်ခ တယောက်မျက်လုံး
တွေပြူးကျယ်လာကာ..."သမီး အထင်လွဲတာ အန်တီ ရှင်းပြတာကိုသေချာ
လေး နားထောင်ပေးပါ..တကယ်တော့.."နေခြည်ခ အတိတ်ကဖြစ်ရပ်တွေကိုပြန်မပြောချင်
ပေမယ့် သွန်း တယောက်သိစေရန်မျက်ရည်တွေ
ကျရင်း ပြောပြ ခဲ့သည်။ နေခြည်ခ ပြောလို့အပြီး
မျက်ရည်တွေကျရင်း ရင်ဘတ်ကိုလက်နဲ့ဖိနေတဲ့
သွန်းကြောင့်.."သွန်း..သမီး ဘာဖြစ်တာလဲ "
နေခြည်ခ ခုံမှထကာ သွန်းဘေးသို့ထိုင်လိုက်သည်။
"ရ..ရတယ် အန်တီ..သမီးရင်ဘတ်အောင့်လာလို့..
သမီး...တောင်းပန်ပါတယ် အန်တီ.."သွန်းခုံမှထကာ ခြံထဲရှိသူမကားပေါ်သ်ို့တတ်ခဲ့သည်။
အပြင်မှာမိုးတွေလဲရွာနေလေပြီ သူမ ရောင်ခြည့်
ဆီသို့မသွားသေးဘဲ သူမ အမေ အိမ်သို့အရင်မောင်း
ခဲ့သည်။ ခြံရှေ့မှာကားရပ်လိုက်ရင်း မိုးရွာထဲထီးမယူ
ဘဲ ဒီတိုင်း အိမ်ထဲဝင်သွားလိုက်သည်။ သူမ အိမ်ထဲ
ရောက်တော့ တကိုယ်လုံး လည်းမိုးရေတွေ ရွှဲလို့
နေသည်။ အိမ်ထဲရောက်တော့ ဧည့်ခန်း ထဲမှာ
သူမ အမေနဲ့ စကားပြောနေတဲ့ စစ်မင်းဟန် သူမ
အမေဟာ သူမကိုတွေ့တော့ မျက်ခုံးတွေကို တွန့်ချိုး
လိုက်ရင်း..
ESTÁS LEYENDO
အချစ်နတ်ဆိုးရဲ့တောင်ပံခတ်သံ😈S2(completed)
Romanceအပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်.. Uni +Zawgyi ( own creation 💙) အပြစ်တင်ချင်ရင်မင်းမိဘတွေကိုဘဲအပြစ်တင်လိုက်ရောင်ခြည် ငါကတော့အဖေ့သွေးကြွေးကိုမင်းမျက်ရည်နဲ့ဆေးကြောမယ်..