Intro

3K 69 4
                                    

Unicode

သံစဉ်လွဲသော နှလုံးသား(မိတ်ဆက်)

ရင်ခုန်သံမှာ စည်းချက်ရှိတယ်လို့ပြောရင် စာဖတ်သူတို့ကကျွန်တော့်ကိုရူးတယ်လို့ဆိုလေမလား။ သူ့ကိုယ်ပိုင်သံစဉ်ကလေးနဲ့အတူ နှလုံးသားဟာလှုပ်ရှားနေပါတယ်ဆိုရင် ပိုလို့တောင်ဟားတိုက်ကြမလားပဲ။ ဥပမာဆိုကြပါစို့။ ထိတ်လန့်သွားလို့ဖြစ်ပေါ်လာတဲ့ နှလုံးခုန်နှုန်းနဲ့ စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာဖြစ်ပေါ်တဲ့နှလုံးခုန်နှုန်းတို့ကမတူဘူးဆိုတာကိုတော့အားလုံးသိကြမှာပါ။

စည်းချက်ကျကျ ကိုယ်ပိုင်သံစဉ်ကလေးနဲ့ လှုပ်ရှားနေတဲ့နှလုံးသားတစ်ခုဟာ ချစ်တတ်တယ်။ ကြောက်တတ်တယ်။ ပျော်ရွှင်တတ်တယ်။ ဝမ်းနည်းတတ်တယ်။ စိတ်တွေက တာဝတိံသာအထိတက်နေတတ်ပြီး တစ်ခါတစ်လေကျ စိတ်တွေကအဝီစိရဲ့အောက်မှာ။

ချစ်ခြင်းမေတ္တာကို နှလုံးသားရဲ့သံစဉ်များစွာထဲတစ်ခုလို့ သတ်မှတ်ကြည့်ချင်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ နှလုံးသားသံစဉ်ဆို လွဲမှားစွာဖြစ်ပေါ်လာတဲ့နှလုံးသားရဲ့သံစဉ်တွေအတွက် သံစဉ်ညှိပေးမယ့်လူတစ်ယောက်လိုအပ်လာမည်ထင်ပါရဲ့။ နားရှင်းအောင်ပြောရရင် မချစ်တတ်သေးတဲ့လူတစ်ယောက်ကို ချစ်တတ်လာအောင်စွမ်းဆောင်နိုင်တဲ့ လူတစ်ယောက်လိုလိမ့်မယ်လို့ပဲဆိုပါရစေ။ နှလုံးသားသံစဉ်ညှိပေးမယ့် လူမျိုးပေါ့။

ဆိုတော့ အခုကျွန်တော်ရေးမယ့် ficကလေးက " စုတုပြု "ထားတာပါ။ စုတုပဲလားတောင်မသိတော့ဘူး။ story type, drama typeလေးပါ။ အပိုင်း၁နဲ့တင်ဇာတ်သိမ်းကိုကြို တင်ခန့်မှန်းနိုင်လောက်တဲ့ပုံစံမျိုးပါ။ ကျွန်တော်ရေးတဲ့fictionမို့ အရမ်းပျင်းဖို့ကောင်းမယ်လို့ထင်ပါတယ်။

Lesbian fictionလေးဖြစ်ပြီး မတူညီသောဘဝနှစ်ခုနဲ့ အစပြုထားပါတယ်။ ဧကရီမောင်နဲ့ ချယ်ရီခက်ဟူသောကောင်မလေးနှစ်ယောက်အကြောင်းဖြစ်ပြီး နည်းနည်းခေတ်နောက်ကျတဲ့ပုံစံကလေးနဲ့အစပြုပါရစေ။

ပန်ကြားချက်

ဤficထဲမှာ အမည်များ၊ နေရာများ၊ ဇာတ်လမ်းဇာတ်ကောင်များသည် ကျွန်တော်၏စိတ်ကူးစိတ်သန်းသပ်သပ်မျှသာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်အလျဉ်းမရှိပါ။ အကယ်၍တိုက်ဆိုင်မှုများရှိခဲ့လျှင် အနူးညွတ်တောင်းပန်အပ်ပါသည်။

pc_fRIdaY....

X x x x x x X x x x x x X

Zawgyi

သံစဥ္လြဲေသာ ႏွလံုးသား(မိတ္ဆက္)

ရင္ခုန္သံမွာ စည္းခ်က္႐ွိတယ္လို႔ေျပာရင္ စာဖတ္သူတို႔ကကြၽန္ေတာ့္ကို႐ူးတယ္လို႔ဆိုေလမလား။ သူ႔ကိုယ္ပိုင္သံစဥ္ကေလးနဲ႔အတူ ႏွလံုးသားဟာလႈပ္႐ွားေနပါတယ္ဆိုရင္ ပိုလို႔ေတာင္ဟားတိုက္ၾကမလားပဲ။ ဥပမာဆိုၾကပါစို႔။ ထိတ္လန္႔သြားလို႔ျဖစ္ေပၚလာတဲ့ ႏွလံုးခုန္ႏႈန္းနဲ႔ စိတ္ဓာတ္ေတြက်ေနတဲ့အခ်ိန္မွာျဖစ္ေပၚတဲ့ႏွလံုးခုန္ႏႈန္းတို႔ကမတူဘူးဆိုတာကိုေတာ့အားလံုးသိၾကမွာပါ။

စည္းခ်က္က်က် ကိုယ္ပိုင္သံစဥ္ကေလးနဲ႔ လႈပ္႐ွားေနတဲ့ႏွလံုးသားတစ္ခုဟာ ခ်စ္တတ္တယ္။ ေၾကာက္တတ္တယ္။ ေပ်ာ္ရႊင္တတ္တယ္။ ဝမ္းနည္းတတ္တယ္။ စိတ္ေတြက တာဝတႎသာအထိတက္ေနတတ္ၿပီး တစ္ခါတစ္ေလက် စိတ္ေတြကအဝီစိရဲ႕ေအာက္မွာ။

ခ်စ္ျခင္းေမတၱာကို ႏွလံုးသားရဲ႕သံစဥ္မ်ားစြာထဲတစ္ခုလို႔ သတ္မွတ္ၾကည့္ခ်င္ပါတယ္။ ခ်စ္ျခင္းေမတၱာဟာ ႏွလံုးသားသံစဥ္ဆို လြဲမွားစြာျဖစ္ေပၚလာတဲ့ႏွလံုးသားရဲ႕သံစဥ္ေတြအတြက္ သံစဥ္ညႇိေပးမယ့္လူတစ္ေယာက္လိုအပ္လာမည္ထင္ပါရဲ႕။ နား႐ွင္းေအာင္ေျပာရရင္ မခ်စ္တတ္ေသးတဲ့လူတစ္ေယာက္ကို ခ်စ္တတ္လာေအာင္စြမ္းေဆာင္ႏိုင္တဲ့ လူတစ္ေယာက္လိုလိမ့္မယ္လို႔ပဲဆိုပါရေစ။ ႏွလံုးသားသံစဥ္ညႇိေပးမယ့္ လူမ်ိဳးေပါ့။

ဆိုေတာ့ အခုကြၽန္ေတာ္ေရးမယ့္ ficကေလးက " စုတုျပဳ "ထားတာပါ။ စုတုပဲလားေတာင္မသိေတာ့ဘူး။ story type, drama typeေလးပါ။ အပိုင္း၁နဲ႔တင္ဇာတ္သိမ္းကိုႀကိဳ တင္ခန္႔မွန္းႏိုင္ေလာက္တဲ့ပံုစံမ်ိဳးပါ။ ကြၽန္ေတာ္ေရးတဲ့fictionမို႔ အရမ္းပ်င္းဖို႔ေကာင္းမယ္လို႔ထင္ပါတယ္။

Lesbian fictionေလးျဖစ္ၿပီး မတူညီေသာဘဝႏွစ္ခုနဲ႔ အစျပဳထားပါတယ္။ ဧကရီေမာင္နဲ႔ ခ်ယ္ရီခက္ဟူေသာေကာင္မေလးႏွစ္ေယာက္အေၾကာင္းျဖစ္ၿပီး နည္းနည္းေခတ္ေနာက္က်တဲ့ပံုစံကေလးနဲ႔အစျပဳပါရေစ။

ပန္ၾကားခ်က္

ဤficထဲမွာ အမည္မ်ား၊ ေနရာမ်ား၊ ဇာတ္လမ္းဇာတ္ေကာင္မ်ားသည္ ကြၽန္ေတာ္၏စိတ္ကူးစိတ္သန္းသပ္သပ္မ်ွသာျဖစ္ပါသည္။ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္လိုစိတ္အလ်ဥ္းမ႐ွိပါ။ အကယ္၍တိုက္ဆိုင္မႈမ်ား႐ွိခဲ့လ်ွင္ အႏူးၫြတ္ေတာင္းပန္အပ္ပါသည္။

pc_fRIdaY....

X x x x x x X x x x x x X

သံစဉ်လွဲသော နှလုံးသား(သံစဥ္လြဲေသာ ႏွလံုးသား)Where stories live. Discover now