Part 2(Unicode)

587 50 0
                                    

အပိုင်း(၂)-

"ဦးတူး..."

နေခြည်ခေါ်လိုက်တော့ ဦးတူးက ပန်းကန်တွေချနေရင်းနေခြည့်ကိုလှမ်းကြည့်သည်။

"ပြောလေနွေးနွေး..."

"ဦးတူး.. ချယ်ရီခက်ဆိုတဲ့အမျိုးသမီးကိုသိလား..."

"မသိဘူးနွေးနွေးရဲ့ ဦးတူးအသိထဲမှာတော့ အဲ့လိုနမည်လှလှတွေမရှိဘူး ကျောက်မျက်လုံးဖိုးထောင်တို့ သံလက်သီးဘစီတို့လို ခပ်ကြောင်ကြောင်နမည်တွေပဲရှိတယ်။"

ဦးတူးပြန်ပြောလိုက်သောစကားကြောင့် နေခြည်ထပ်ပြုံးမိပြန်သည်။ သူများကျပြောနေလိုက်တာ။ သူက် တစ်ချိန်တုန်းက ဇိုးမောင်တူးဆိုပြီးဟစ်ကြွေးခဲ့ပြီးတော့များ။

"ဒါနဲ့ နွေးနွေးကပြင်ဦးလွင်ကိုဘာကိစ္စရှိလို့လဲ။"

"ဒီတိုင်း မေမေ့အကြောင်းလေးတွေသိချင်လို့ပါ။ နေခြည်မသိတဲ့မေမေ့အကြောင်းတွေပေါ့။"

"ဒါတော့ဟုတ်ပါတယ်လေ။ ဦးတူးလဲ မမလေးရန်ကုန်ကိုရောက်လာတော့မှရင်းနှီးခဲ့ရတာ။ အဲ့တုန်းကတော့ ဦးတူးကလူ့ချဉ်ဖက်ကြီးပေါ့။ မမလေးနဲ့ဆရာကစောင့်ရှောက်ပေးခဲ့ကြလို့ ဦးတူးခုလိုကောင်းကောင်းမွန်မွန်နေနိုင်ခဲ့တာ။ ကံတရားက ရက်စက်တယ်လို့ပြောရမလားနွေးနွေးရယ်။ ဆရာတို့ မမလေးတို့လိုလူကောင်းသူကောင်းတွေကျတော့စောစောခေါ်သွားတယ်။ ဦးတူးလို လူမိုက် လူပေတေကြီးကိုကျ နောက်ချန်ထားခဲ့တယ်။ သေမင်းကအကောင်းကြိုက်တတ်တယ်ထင်ပါရဲ့။"

ဦးတူးက နေခြည့်ရှေ့တွင်ထိုင်နေရင်း အပြင်ဘက်ကိုငေးနေသည်။ ပြီးတော့ သက်ပြင်းချလိုက်ရင်း...

"သမီးစားလို့ပြီးရင် ဘုရားသြားဦးမယ္မလား..."

"တော်ပြီ သမီးကိုကားဂိတ်ပဲလိုက်ပိ့ုပေးတော့။ ရတဲ့ကားနဲ့သွားမယ်။"

"ဟုတ်ပါပြီကွယ်။ ဖြစ်နိုင်ရင် ဦးတူးကကိုယ်တိုင်လိုက်ပို့ချင်တာ။"

"တော်ပါပြီရှင်။ ကိုယ့်အသက်အရွယ်ကိုကြည့်ပါဦး။ အရင်လိုတစွတ်ထိုးလုပ်နိုင်သေးလို့လား...။"

သံစဉ်လွဲသော နှလုံးသား(သံစဉ်လွဲသော နှလုံးသား)Where stories live. Discover now