Part 7 (Unicode)

1K 52 6
                                    

-အခြားမိသားစုတွေပျော်ပျော်ရွှင်ရွှင်ရှိနေတာမြင်ရတိုင်း ချယ်ရီအရမ်းအားကျရတယ်။ ချယ်ရီ့ကျဘာလို့ဒီလိုမိသားစုလေးမရှိရသလဲဆိုပြီး အမြဲတမ်းတွေးတယ်။ ဒါပေမယ့် ချယ်ရီ့မှာမမရှိတယ်။ မမကိုတော့ချယ်ရီမဆုံးရှုံးချင်ဘူးမမရယ်။ မမကေကာ တစ်နေ့ကျရင် ချယ်ရီ့ကိုပစ်သွားမှာလား။ မမ,မရှိရင်တော့ ချယ်ရီနေနိုင်မှာမဟုတ်တော့ဘူး။-

အပိုင်း (၇)-

ဧကရီ ခြံထဲသို့ဆင်းလာပြီး ချယ်ရီ့ကိုလိုက်ရှာနေမိသည်။ ချယ်ရီ့ကိုအိမ်ထဲမတွေ့လျှင် ရှာရန်နေရာမှာတစ်နေရာသာရှိလေသည်။ ထိုနေရာကား ခြံရှေ့နားမှချယ်ရီပင်ကလေးသာဖြစ်၏။

ချယ်ရီပင်နားရောက်တော့ချယ်ရီ့ကိုတွေ့လိုက်ရသည်။ ချယ်ရီနှင့်အတူ အိမ်ကိုအလည်ရောက်လာသောမိသားစုထဲမှကောင်လေးကိုလဲတွေ့လိုက်ရသည်။ ချယ်ရီကောထိုကောင်လေးကပါ ဧကရီ့ကိုမြင်မည့်ပုံမပေါ်ပါ။ ဘာတွေပြောနေကြသည်မသိ။ တွတ်တွတ် တွတ်တွတ်နှင့်ပြောကာရယ်မောနေကြလေရဲ့။ အဘယ်ကြောင့်ဟုဧကရီမသိ။ ထို့သို့မြင်ရသည်ကိုဧကရီမကြိုက်လှ။

"ချယ်ရီ..."

ဧကရီလှမ်းခေါ်လိုက်တော့ နှစ်ယောက်လုံးကဧကရီ့ကိုလှမ်းကြည့်လေသည်။

"မမ..."

"ရှာလိုက်ရတာကွယ်။ ချယ်ရီကဒီရောက်နေတယ်။"

"ဟုတ်တယ် ချယ်ရီကပန်းလာခူးတာမမဖို့။ ဒီမှာကြည့်အများကြီးရလာတယ်။ ဟီး။"

"မမဖို့ ဟုတ္လား။"

"ဟုတ် ချယ်ရီကမမဖို့ပန်းတွေအများကြီးခူးလာတာ။ ရော့မမ။"

ချယ်ရီပန်းခက်ကလေးတွေရယ်၊ နှင်းဆီဖြူကလေးတစ်ပွင့်ရယ်ကို ဧကရီထံသို့ကမ်းပေးနေသည်။

"ဟွန့်အွန်း။ ချယ်ရီကိုယ်တိုင်ပန်ပေးမှယူမှာ။"

"မမကလဲကလေးကျနေတာပဲ။"

"ဘာလဲ။ ချယ်ရီကမမကိုမပန်ပေးချင်ဘူးလား။"

"ဟီး။ မဟုတ်ပါဘူး။ ထိုင်ပါဦး။ မမအရပ်ကြီးကအရှည်ကြီးကို။"

အနီးမှခုံတန်းကလေးပေါ်တွင်ဝင်ထိုင်လိုက်တော့ စောစောကကောင်လေးနှင့်ဧကရီမောင်တို့ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ ထိုကောင်လေးကဧကရီ့ကိုကြည့်ကာပြုံးပြနေလေသည်။

သံစဉ်လွဲသော နှလုံးသား(သံစဉ်လွဲသော နှလုံးသား)Where stories live. Discover now