Part 4(Unicode)

481 38 4
                                    

အပိုင်း(၄)-

"ညိုမောင်... ဟဲ့ညိုမောင်..."

"ဟာ... ဒွေးလေးဝင်းလဲ့။ ကြွပါဗျ။ အိမ်ထဲဝင်ပါဦး။"

"မဝင်ဘူး။ ပိုက်ဆံလာတောင်းတာ။ နင်ပြောတော့တစ်လဆိုပေးပါ့မယ်ဆို။ ခုတစ်လကျော်လို့ နောက်တစ်လတောင်လွန်နေပြီ။"

"ဒွေးလေးရယ် ကျွန်တော်လဲအဆင်မပြေသေးလို့ပါ။"

"အေး..နင့်မှာ ခြေထောက်ပါတယ်။ ပါးစပ်ပါတယ်။ အဆင်မပြေသေးရင်မပြေသေးဘူးလာပြောလေ။ ဘေးလူကြားရင်ငါကပဲ ချစ်တီးမကြီးဖြစ်ဦးမယ်။ ချေးပြီးရင် ရက်တိတိကျကျပြောလေ။ မဆပ်နိုင်သေးရင်လဲ မဆပ်နိုင်သေးဘူးလောက်တော့လာပြောလေ။ ခုဟာကတော်။ တကတည်း... မပြောလိုက်ချင်ဘူး။"

"ကျွန်တော်တောင်းပန်ပါတယ်ဒွေးလေးရယ်။ အော်... ဒါကဒွေးလေးဖို့။ ခဏနေလာပေးတော့မလို့ပဲဒွေးလေးရဲ့။"

ညိုမောင်သည် အိမ်ထဲမှ ငှက်ပျောဖီးတစ်တွဲယူလာပြီး ဒေါ်ဝင်းလဲ့ကိုပေးလိုက်တော့ ဒေါ်ဝင်းလဲ့မျက်နှာကပြောင်းသွားလေသည်။ မာထန်နေသောမျက်နှာသည် ချက်ချင်းပင်ပျော့သွားလေသည်။

"အေးဟယ်။ ငါကလဲမုဆိုးမေလဟာ။ ခုငါ့သမီးပဲကျောင်းစတက်နေရပြီ။ အဲ့တော့သူ့ကျောင်းစရိတ်ရှာရတာပေါ့။ မဟုတ္ဘူးလား။"

"ဒွေးလေးဝင်းလဲ့သမီးတောင်ကျောင်းတက်နေပြီလား။ အမျိုးသားကျောင်းမှာလား။"

"မဟုတ္ဘူး။ ပြင်ဦးလွင်က အစိုးရကျောင်းမှာ။"

"ဟာ။ ဝေးတာပေါ့ဒွေးလေးရဲ့။ အကြိုအပို့ဒွေးလေးပဲလုပ်တာလား။"

"ငါမလုပ်လို့ဘယ်သူလုပ်မှာလဲ။"

"ဒွေးလေးရယ် နီးနီးနားနား ပြည်သူပိုင်ရှိနေတာပဲ။"

"အို့ ငါ့သမီးကမုဆိုးမရဲ့သမီးပေမယ့် အဆင့်အတန်းရှိရှိကြီးပြင်းလာရတာ။ အဲ့တော့ ကျောင်းကို အဆင့်မြင့်မြင့်မှာပဲထားမှာပေါ့။ ဒီမှာထားရင် ဒီပုပ်ထဲကဒီပဲဘဲဖြစ်လာလိမ့်မယ်။"

"လူတိုင်းဒီလိုပဲထားနေကြတာပဲဒွေးလေးရယ်။ မိန်းကလေးပဲ လေးငါးတန်းအောင်ရင်တော်ပြီပေါ့ဒွေးလေးရယ်။"

သံစဉ်လွဲသော နှလုံးသား(သံစဉ်လွဲသော နှလုံးသား)Where stories live. Discover now