Part 6 (Unicode)

399 36 0
                                    

အပိုင်း (၆)-

"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ။"

သံပြိုင်ထွက်လာသောကျောင်းသားကျောင်းသူတို့ရဲ့နှုတ်ဆက်သံနောက်မှာတော့ ဆရာမရဲ့အသံကလေးတောင်ထွက်ချိန်မရလိုက်ပါ။ ဝုန်းကနဲဆင်းပြေးသွားကြသောကလေးများပင်ဖြစ်သည်။ ထိုအထဲတွင် အမြဲလိုလိုကျန်နေခဲ့သောကလေးတစ်ဦးရှိသည်။ အတန်းထဲတွင်အထူးခြားဆုံးသောကလေးလဲဖြစ်၏။

"ချယ်ရီခက်...သမီးလေး..."

"ဟုတ္ဆရာမ...."

"မမလာမကြိုသေးဘူးလား...။

"ဟုတ်..မမနဲ့ကျောင်းဆင်းချိန်မတူတော့လို့။ မမကနောက်ကျမှဆင်းမှာ။"

"ဆရာမလဲတူတူပဲ။ ဆရာမကိုလဲလာမကြိုသေးဘူးကွယ်။ သမီးမေမေကောနေကောင်းလား။"

"သမီးမှာအမေမရှိဘူးဆရာမ။"

"အို... မဝင်းလဲ့ကသမီးရဲ့မေမေမဟုတ်ဘူးလား။"

"မဟုတ်ပါဘူးဆရာမ။ ကြီးကြီးဝင်းလဲ့က သမီးမေမေမဟုတ်ဘူး။ သမီးမှာအမေမရှိဘူး။ အဖေလဲမရှိဘူး။ သမီးကိုမမပဲပိုင်တာ။"

"မမပဲပိုင်တာတဲ့လား။ ကလေးတစ်ယောက်က ကလေးတစ်ယောက်ကိုဘယ်လိုပိုင်မှာလဲသမီးလေးရဲ့။"

"ဒီလိုပါဆရာမ။ မေမေက သမီးကို ကြီးကြီးဝင်းလဲ့ဆီမှာ ထားခဲ့တာ။ အဲ့တော့ မမကသမီးကိုခေါ်ထားတယ်။"

"အော်။ ဆရာမတောင်းပန်ပါတယ်ကွယ်။ "

"အာ...ရပါတယ်ဆရာမရဲ့။ မတောင်းပန်ပါနဲ့။ သမီးငရဲကြီးပါ့မယ်။"

"ကိုယ်မှားတာကိုဝန်ချတောင်းပန်တာဟာ ရှက်စရာမဟုတ်ဘူးသမီးလေးရဲ့။ သမီးမှာငရဲကြီးစရာမရှိပါဘူးကွယ်။ နောက်ပြီး ကိုယ်မမှားပဲကိ်ုယ့်ကိုစွပ်စွဲတာမျိုးကိုလဲငြိမ်ခံနေစရာမလိုဘူး။ လူလူချင်းအနိုင်ကျင့်နေတာတွေ့ရင် သည်းခံမနေသင့်ဘူး။ ဒါသမီးလေးမှတ်ထားနော်။"

"ဟုတ်ကဲ့ဆရာမ။"

ဆရာမသည် ပြုံး၍ ချယ်ရီခက်၏ခေါင်းကလေးကိုဖြည်းဖြည်းလေးပွတ်သပ်ပေးလိုက်သည်။

သံစဉ်လွဲသော နှလုံးသား(သံစဉ်လွဲသော နှလုံးသား)Where stories live. Discover now