Part 3(Unicode)

520 39 2
                                    

အပိုင်း(၃)-

"ကိုဘိုးစံ။ တော်မသွားလို့မရဘူးလားတော်။ ကျွန်မမှာလဲမပေါ့မပါးကြီးနဲ့။"

"ခ်စ္ခ်စ္ကလဲကြာ။ မင်းမှာမပေါ့မပါးကြီးနဲ့မို့လို့ကိုယ်သွားရတာပေါ့။  တို့နောင်ရေး၊ မွေးလာမယ့်ကလေးနောင်ရေးရှိသေးတယ်လေကွာ။"

တဲထဲတွင် ဦးဘိုးစံနှင့် မချစ်ချစ်တို့နှစ်ယောက် တတွတ်တွတ်နှင့် တွတ်ထိုးနေကြလေသည်။

"ကျုပ်ကတော့မသွားစေ့ချင်ဘူးတော်။ ခေတ်ကကောင်းတာလဲမဟုတ်။ ယာတွေရှိနေတာပဲ။ ရှိတဲ့ယာလေးမှာပဲ လုပ်စားကြရအောင်ပါကိုဘိုးစံရယ်။"

"ချစ်ချစ်ရယ်။ ဒီမွာ ကိုယ်ပြောမယ်။ ယာတွေရှိတာဟုတ်တယ်။ ဒါပေမယ့် သီးနှံတွေက မင်းမီးဖွားချိန်ဆိုပေါ်ဦးမှာမဟုတ်ဘူး။ တစ်လလောက်ပါပဲကွာ။ သစ်ခုတ်ကိုခဏပဲလိုက်မှာပါ။ မင်းမီးဖွားဖို့စုမိဆောင်းမိရုံလောက်ပေါ့။"

"ပြောမရလဲရှင့်သဘောပဲတော်။ ကျုပ်ကလဲစိတ်ချတာမဟုတ်ဘူး။ ကျူပ်မှာအားကိုးအားထားကရှင်တစ်ယောက်ရှိတာ။ ကျုပ်မမွေးခင်တော့ပြန်လာပါတော်။"

"စိတ်ချပါမိန်းမရယ်။ တစ်လဆိုတဲ့အချိန်က ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ပြီးသွားမှာ။ ဘာမှမသိလိုက်ခင်လေးမှာပဲ ကျုပ်ပြန်လာမှာပါချစ်ချစ်ရယ်။"

ဦးဘိုးစံက အလုံးအထည်ပေါ်နေပြီဖြစ်သော ချစ်ချစ်၏ဗိုက်ကလေးကိုပွတ်ပေးနေရင်း ချစ်ဇနီးကိုချော့နေလေသည်။ သစ်ခုတ်လိုက်မှဖြစ်ချေမည်။ စိုက်ထားသောယာခင်းဟာ တစ်လနှစ်လလောက်နှင့် အသီးအနှံထွက်မည်မဟုတ်။ မွေးချိန်ဖွားချိန်တွင် သုံးနိုင်စွဲနိုင်ဖို့ ပိုက်ဆံသည်လဲ လက်ထဲမရှိ။ ရှိသောပိုက်ဆံများဟာလဲ မြေကြီးထဲသို့ရင်းနှီးမြှုပ်နှံလိုက်ရချေပြီ။

ထို့ကြောင့် စွန့်လွှတ်ထားတာကြာပြီဖြစ်သော သစ်ခုတ်ခြင်းအလုပ်ကို ပြန်လည်လုပ်ကို်င်ရန်ဆုံးဖြတ်ချက်ချလိုက်ရသည်။ နောက်တစ်နေ့မနက်အစောမှာတော့ ထော်လာဂျီတစ်စီးက ချစ်ချစ်တို့တဲရှေ့သို့ရောက်ချလာသည်။ ဦးဘိုးစံကေတာ့ ပုဆိန်၊ ဓား၊ လွှတို့စုံလင်စွာဖြင့် အိမ်ထဲမှထွက်လာလေသည်။ နောက်မှာတော့ ချစ်ချစ်ပါလာပြီး မျက်ဝန်းထက်မှာတော့ ညို့မှိုင်းနေချေပြီ။

သံစဉ်လွဲသော နှလုံးသား(သံစဉ်လွဲသော နှလုံးသား)Where stories live. Discover now